
မန်ယူအသင်းဟာ ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းကို ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိ ခဲ့ပါတယ်။
အသက် ၂၀ နှစ်ရှိ အက်တလန်တာတိုက်စစ်မှူးဟာ မနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပါဝင်ကစားခဲ့ခြင်းမရှိခဲ့ပါဘူး။
မန်ယူအသင်းဟာ ဟွိုက်လန်းအတွက် ကနဦး ပေါင် ၆၄ သန်းအပါအဝင် ထပ်ဆောင်ပေးရမယ့် ငွေကြေး ပေါင် ၈ သန်း ပေးချေဖို့ ကမ်းလှမ်းရာမှာ သဘောတူညီမူရရှိခဲ့တာပါ။
ဟွိုက်လန်းနဲ့လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာသဘော တူညီမူရရှိထားတာကြောင့် ရက်ပိုင်းအတွင်းမှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ရှိပါတယ်။
ယူနိုက်တက်ဟာ ဟွိုက်လန်းကို ၅ နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်မယ်လို့သိရပါတယ်။
ဟွိုက်လန်းဟာ မနှစ်က စီးရီးအေပြိုင်ပွဲမှာ စုစုပေါင်း ၃၄ ပွဲကစားခဲ့ပြီး ၁၀ ဂိုးသွင်းယူခဲ့သူဖြစ် ပါတယ်။










