
ယူကရိန်နိုင်ငံ အရှေ့ပိုင်းမှာ ဇူလိုင် ၁၇ ရက်နေ့က မလေးရှား ခရီးသည်တင်လေယာဉ် ပစ်ချခံရတဲ့ အဖြစ်အပျက်ကို လွတ်လပ်တဲ့ စုံစမ်းမှုတွေကို ဆောင်ရွက်ဖို့် အာဆီယံအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
လေယာဉ်ပေါ် ပါတဲ့ နိုင်ငံပေါင်းစုံက လူ ၂၉၈ ယောက် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်အတွက် အကြီးအကျယ် ထိတ်လန့် တုန်လှုပ်ရပြီး မိသားစုဝင်တွေနဲ့ ဆွေမျိုးသားချင်းတွေနည်းတူ အလွန်အမင်း စိတ်မကောင်းဖြစ်ရတယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
MH 17 လေယာဉ် ပျံသန်းတဲ့လမ်းကြောင်းဟာ တားမြစ်ထားတဲ့ နယ်မြေမဟုတ်သလို အာရှ- ဥရောပ ပျံသန်းတဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပုံမှန် အသုံးပြုနေတဲ့ လမ်းကြောင်းပဲလို့ လည်း ဇူလိုင်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။











