DVB Logo
Home
Lead Story
လျှပ်စစ်မီတာ နေ့ချင်းပြီး တပ်ဆင်ပေးမည်
DVB
·
July 20, 2014
လျှပ်စစ်မီတာ နေ့ချင်းပြီး တပ်ဆင်ပေးမည်
Donate to DVB

Electricလျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုလိုသူတွေကို သတ်မှတ်ချက် တွေနဲ့ ပြည့်စုံရင် အိမ်သုံးကို နေ့ချင်းပြီး စက်မှုသုံး ပါဝါမီတာကို ၅ ရက်အတွင်းနဲ့ ထရန်စဖော်မာ တပ်ဆင်လိုသူတွေကိုတော့ ၁ လအတွင်း တပ်ဆင်ပေးနေတယ်လို့ ဇူလိုင် ၁၈ ရက်နေ့က ကြေညာပါတယ်။

တပ်ဆင်ခ အနေနဲ့ အိမ်သုံး မီတာ တပ်ဆင်သူတွေဟာ မီတာသတ်မှတ်ကြေး ၆ သောင်းခွဲ အပါအ၀င် စုစုပေါင်း ကျပ် ၉ သောင်း ကျသင့်မှာ ဖြစ်ပါတယ်။

အိမ်သုံး ပါဝါမီတာ အတွက် ၁၀ ကီလိုဝပ်ကို ကျပ် ၈ သိန်း ခွဲနီးပါး၊ ၂၀ ကီလိုဝပ် ၁၀ သိန်း ၅ သောင်း၊ ၃၀ ကီလိုဝပ် ၁၂ သိန်း ၅ သောင်းနီးပါး ကျသင့်မှာ ဖြစ်ပါတယ်။

ထရန်စဖော်မာ တပ်ဆင်မယ့် သူတွေအတွက်ကိုတော့ ကီလိုဝပ် ၅၀ ပမာဏ ကို ကျပ် ၂၁ သိန်းကနေ ကီလိုဝပ် ၃ သောင်း အတွက် ကျပ်ငွေ သိန်းပေါင်း ၄၈၀၀ ပေးသွင်းရမယ်လို့ ဖော်ပြထားပါတယ်။

စက်မှုသုံး ပါဝါမီတာနဲ့ ထရန်စဖော်မာ တပ်ဆင်မယ့်သူတွေအနေနဲ့ ၀န်ကြီးဌာန ထောက်ခံချက်တော့ လိုတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013