DVB Logo
Home
နိုင်ငံတကာ
ပြည်ပစစ်ရေးစွက်ဖက်မှုကြောင့် အစုလိုက်သေဆုံးမှုများဖြစ်လိမ့်မည်ဟု နိုင်ဂျာစစ်တပ် ပြော
DVB
·
July 29, 2023
ပြည်ပစစ်ရေးစွက်ဖက်မှုကြောင့် အစုလိုက်သေဆုံးမှုများဖြစ်လိမ့်မည်ဟု နိုင်ဂျာစစ်တပ် ပြော
Donate to DVB

အခုသီတင်းပတ်အတွင်းမှာ ဖြုတ်ချထားတဲ့ နိုင်ဂျာသမ္မတ မိုဟာမဒ် ဘာဇိုမ်ကို အာဏာပြန်ပေးဖို့ လုပ်ဆောင်ချင်တဲ့ နိုင်ငံခြားစစ်တပ်တွေရဲ့ စွက်ဖက်မှုမှန်သမျှဟာ အစုလိုက်အပြုံလိုက် သေဆုံးမှု တွေနဲ့ ပရမ်းပတာတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ အာဏာသိမ်း နိုင်ဂျာစစ်တပ်က ဇူလိုင် ၂၈ ရက် က ထုတ်လွှင့်တဲ့ ရုပ်သံမှာ ပြောကြားခဲ့ပါတယ်။ 

“အမိမြေကို ကာကွယ်စောင့်ရှောက်ရေး အမျိုးသားကောင်စီ CNSP က အရှိန်အဟုန်နဲ့ ပုံမှန်ပြန်ဖြစ် ဖို့ သေချာအောင် ဆောင်ရွက်နေပေမယ့် ပြီးခဲ့တဲ့အစိုးရနဲ့ ပူးပေါင်းပြီး ရာထူးအာဏာတွေ ရခဲ့ကြတဲ့ တချို့သံတမန်ရေးဆိုင်ရာပုဂ္ဂိုလ်တွေဟာ မအောင်မြင်တဲ့ အာဏာပိုင်တွေကို ဆွဲထုတ်ဖို့ ရည်ရွယ်ချက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရေး ချဉ်းကပ်မှုကို ကျင့်သုံးနေကြတယ်” လို့ နိုင်ဂျာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ၊ ဗိုလ်မှူးကြီး အာမာဒို အဒ်ရာမိန်းက ပြောပါတယ်။ 

ဒီလို ရန်များပြီး အန္တရာယ်ကြီးတဲ့ ခေတ်စနစ်ဟောင်းကိုသာ ဖက်တွယ်နေချင်တဲ့ သဘောထားတွေ ဟာ နိုင်ဂျာလူထုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပရမ်းပတာဖြစ်မှုကိုသာ ကြုံစေလိမ့်မယ် လို့လည်း သူက ဆိုပါတယ်။ 

ဒါကြောင့် CNSP ဟာ ပြည်ပမှ စစ်ရေးဝင်ရောက်စွက်ဖက်မှုကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက် တွေအပေါ် ပြည်တွင်းနဲ့ နိုင်ငံတကာအမြင်တွေကိုခံယူဖို့ တောင်းဆိုထားတာဖြစ်ကြောင်းလည်း သူက ရုပ်မြင်သံကြားမှာ ဖတ်ကြားပြောဆိုသွားပါတယ်။

နိုင်ဂျာသမ္မတရဲ့ ကိုယ်ရံတော်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အဘ်ဒိုရာ ဟာမာနီ တီယာနီ ဟာ ဗုဒ္ဓဟူးနေ့က အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် သောကြာနေ့ အစောပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ထွက်ပေါ်လာခဲ့ပါတယ်။ 

သမ္မတဘာဇိုမ်ဟာ သောကြာနေ့ နံနက်မှာ သမ္မတအိမ်တော်မှာပဲ ထိန်းသိမ်းခံထားရခြင်း ရှိ၊ မရှိ ချက်ချင်း မသိရသေးပါဘူး။ 

ဘာဇိုမ်ဟာ အာဏာကို တရားဝင်မစွန့်လွှတ်ရသေးဘဲ အမေရိကန်၊ ရုရှားနဲ့ ဥရောပသမဂ္ဂတို့ အပါအဝင် နိုင်ငံခြားအစိုးရများစွာဟာ ဘာဇိုမ်ကို သမ္မတနေရာ ပြန်ပေးရေး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013