
ကေအန်ယူ - ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ ပိန်းဇလုပ်မြို့မှာ ဇူလိုင် ၂၅ နဲ့ ၂၆ ရက်တို့က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အယောက် ၄၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ KNLA ကျောက်ကြီး PDF ဆီကနေ သိရပါတယ်။
ပိန်းဇလုပ်မြို့၊ ရေတွင်းကုန်းရွာနဲ့ ယောက်သွားကုန်းရွာအကြားမှာ ဇူလိုင် ၂၅ ရက်နေ့က ၂ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံး၊ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ KNLA ကျောက်ကြီး PDF တာဝန်ရှိသူတွေက ပြောပါတယ်။
ဇူလိုင် ၂၆ ရက်နေ့မှာလည်း ရေတွင်းကုန်းရွာ သုသာန်နားမှာ တိုက်ပွဲထပ်ဖြစ်ခဲ့လို့ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကနေ G-3 သေနတ်တလက်၊ ၇.၆၂ ကျည် အတောင့် ၂၀၀၊ ၆၀ မမဗုံးသီး ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။











