DVB Logo
Home
Lead Story
အန်အယ်ဒီရဲ့ ဖွဲ့စည်းပုံပြင်ရေး လက်မှတ်ထိုးလှုပ်ရှားမှု ပြီးဆုံး
DVB
·
July 20, 2014
အန်အယ်ဒီရဲ့ ဖွဲ့စည်းပုံပြင်ရေး လက်မှတ်ထိုးလှုပ်ရှားမှု ပြီးဆုံး
Donate to DVB

ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ထိုးလှုပ်ရှားမှု ပြီးဆုံးတဲ့ ဇူလိုင်လ ၁၉ ရက်မှာ အန်အယ်ဒီပါတီအနေနဲ့ တတိုင်းပြည်လုံးရှိ မြို့ကြီး ၁၇ မြို့မှာ ဟောပြောစည်းရုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

[caption id="attachment_60663" align="alignright" width="300"]နေပြည်တော်နယ်မြေ ဥတ္တရသီရိမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲ အဖွင့်အမှာစကား ပြောကြားနေစဉ် နေပြည်တော်နယ်မြေ ဥတ္တရသီရိမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲ အဖွင့်အမှာစကား ပြောကြားနေစဉ်[/caption]တတိုင်းပြည်လုံး ရပ်ကွက်ကျေးရွာမကျန် ကောက်ခံရရှိထားတဲ့ လက်မှတ်တွေကို တပတ်အတွင်း ပါတီဌာနချုပ်ထံပေးပို့ကြဖို့ နှိုးဆော်ထားပြီး ကောက်ခံရရှိတဲ့ လက်မှတ်အရေအတွက် အတိအကျကို ဒီလကုန်လောက် တရားဝင်သတင်းထုတ်ပြန်ပေးဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပေါင်းပြီး ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လှုပ်ရှားမှုတွေကို မေလ ၁၇ နဲ့ ၁၈ မှာ ရန်ကုန်နဲ့ မန္တလေး၊ ကျန်မြို့တွေမှာ မေလ ၂၇ ရက်ကစပြီး အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့ကြတာပါ။

တလပြည့်တဲ့ ဇွန်လ ၂၇ရက်မှာ ဖွဲ့စည်းပုံ ၄၃၆ပြင်ဖို့ ဆန္ဒပြုတဲ့ လက်မှတ်ပေါင်း ၃ သန်းကျော် ကောက်ခံ ရရှိထားပါတယ်။

ဦးထွန်းထွန်းဟိန်ကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013