DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ လူကုန်ကူးခံရသည့် အိန္ဒိယနိုင်ငံသား ၁၅ ဦးကို နေရပ်ပြန်ပို့
DVB
·
July 28, 2023
မြန်မာနိုင်ငံ၌ လူကုန်ကူးခံရသည့် အိန္ဒိယနိုင်ငံသား ၁၅ ဦးကို နေရပ်ပြန်ပို့
Donate to DVB

မြန်မာနိုင်ငံမှာ လူကုန်ကူးခံခဲ့ရတဲ့  အိန္ဒိယနိုင်ငံသား ၁၅ ယောက်ကို  ဇူလိုင် ၂၆ မှာ ရန်ကုန်လေဆိပ်ကနေတဆင့်   ဒေလီသို့ ပြန်လည်ပို့​ဆောင်ပေးခဲ့တယ်လို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။

လူကုန်ကူးဂိုဏ်းဟာ အိန္ဒိယနိုင်ငံသား ၁၅ ဦးကို အွန်လိုင်းကနေ  အလုပ်ရမယ်ဆိုပြီး များပြားလှတဲ့ လစာနဲ့  လိမ်လည်ခေါ်ယူယူခဲ့ပြီး လူကုန်ကူးဂိုဏ်းမှာ ခိုင်းစေခဲ့တာဖြစ်ပါတယ်။  

လူကုန်ကူးဂိုဏ်းရဲ့ အမည်နဲ့ ဘယ်နေရာမှာ ဘယ်လိုကယ်တင်ခဲ့တယ်ဆိုတာတွေ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သတင်းမှာဖော်ပြခြင်းမရှိပါဘူး။ အများအားဖြင့်တော့ အိန္ဒိယနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမှာ လူကုန်ကူး ခိုင်းစေခံရလေ့ရှိတာပါ။ 

အဆိုပါ အိန္ဒိယနိုင်ငံသားတွေကို ရန်ကုန်လေဆိပ်မှတဆင့်  ဒေလီသို့ပို့ဆောင်ပေးခဲ့ပြီး ဒေလီကနေ တဆင့် သူတို့ရဲ့  နေရပ်သို့ ဆက်လက်ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံသားတွေကို ကယ်တင်ရာမှာကူညီပေးခဲ့တဲ့ မြန်မာအာဏာပိုင်တွေနဲ့ တခြားကူညီသူတွေကို ကျေးဇူးတင်တယ်လို့ အိန္ဒိယသံရုံးက ထုတ်ပြန်ထားပါတယ်။

အိန္ဒိယသံရုံးဟာ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ လူကုန်ကူးခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၃၇၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီ ကျန်ရှိနေသူတွေကို  ဆက်လက်ကယ်တယ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန် ပါတယ်။

နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေက အွန်လိုင်းကတဆင့်သားကောင်တွေကို ပစ်မှတ်ထားပြီး မက်လုံးပေးအလုပ်ကမ်းလှမ်းမှုတွေကို  ဆန့်ကျင်ကြဖို့ လည်း အိန္ဒိယသံရုံးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013