
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖက်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူဟန်ဒါဆန် ဟာ အင်္ဂလန်ကစားသမားတွေထဲမှာ လုပ်ခအများဆုံး ကစားသမားဖြစ်လာပါတယ်။
အသက် ၃၃ နှစ်ရှိ ဟန်ဒါဆန်ဟာ လီဗာပူးမှာ ၁၂ နှစ်ကြာကစားခဲ့ပြီးနောက် နည်းပြဂျရတ်ကိုင်တွယ်နေတဲ့ အယ်လ်အစ်တီ ဖက်အသင်းဆီပြောင်းရွှေ့ခဲ့တာပါ။
ဟန်ဒါဆန်အနေနဲ့ တစ်ပတ်လုပ်ခပေါင် ၇ သိန်းအထိရရှိမှာဖြစ်ပြီး တစ်နှစ်လုပ်ခပေါင် ၃၆ သန်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အဆိုပါလုပ်ခပမာဏဟာ အင်္ဂလန်ကစားသမားတွေထဲမှာ အများဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀နဲ့ ဒုတိယနေရာမှာရပ်တည်ပါတယ်။
အဲဒီနောက် ဂျေဒန်ဆန်ချို၊ ရာဟင်းစတာလင်၊ ဂျက်ဂရေးလစ်ရှ်၊ မေဆန်မောင့်နဲ့ ဒက်ကလန်ရိုက်စ်တို့က အစဉ်လိုက်ရပ်တည်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက တစ်ပတ်လုပ်ခပေါင် နှစ်သိန်းသာရရှိနေပြီး ဂျွန်စတုန်းစ်၊ ရိစ်ဂျိမ်းစ်၊ ဖိုဒမ်နဲ့ ဘယ်လင်ဂမ်တို့ရဲ့ အောက်မှာရပ်တည်ခဲ့ပါတယ်။










