DVB Logo
Home
အားကစား
စပိန်နှင့် မန်စီးတီးကစားသမားဟောင်း ဒေးဗစ်ဆေးလ်ဗား ကစားသမားဘဝမှ အနားယူ
DVB
·
July 28, 2023
စပိန်နှင့် မန်စီးတီးကစားသမားဟောင်း ဒေးဗစ်ဆေးလ်ဗား ကစားသမားဘဝမှ အနားယူ
Donate to DVB

စပိန်နဲ့ မန်စီးတီးကစားသမားဟောင်း ဒေးဗစ်ဆေးလ်ဗားဟာ ကစားသမားဘဝကနေအနားယူ ကြောင်းကြေညာသွားပါတယ်။ 

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗားဟာ ဆိုစီဒက်အသင်းနဲ့ ရာသီကြိုလေ့ကျင့်ခန်းဆင်းနေရင်း ဒူးအရွတ်ဒက်ရာရခဲ့တာပါ။

အဲဒီနောက် ကာလရှည်အနားယူရနိုင်တာကြောင့် ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

စပိန်ကွင်းလယ် ကစားသမားဟာ ကစားသမားဘဝကို ဗလင်စီယာအသင်းနဲ့ စတင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ မန်စီးတီး အသင်းဆီပြောင်းရွှေ့ ကစားခဲ့ပါတယ်။

မန်စီးတီးနဲ့ ၁၀ နှစ်တာကာလအတွင်းမှာ ကစားသမား ဘဝတလျှောက် အကောင်းဆုံးစွမ်း ဆောင်ရည်ရခဲ့သူပါ။

ပြိုင်ပွဲစုံ  ၄၃၆ ပွဲ ကစားခဲ့ရာမှာ ပရီးမီးယားလိဂ် ဆုဖလား ၄ လုံးအပြင် အက်ဖ်အေဖလား ၂ လုံးလည်းရယူနိုင်ခဲ့ပါတယ်။

စပိန်လက်ရွေးစင်အတွက်လည်း စုစုပေါင်း ၁၂၅ ပွဲ မှာ ၃၅ ဂိုးသွင်းခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သလို ၂၀၀၈ နဲ့ ၂၀၁၂ ယူရိုချန်ပီယံဆုဖလားတွေလည်းရယူနိုင်ခဲ့ပါတယ်။

ဆေးလ်ဗားဟာ အသင်းသမိုင်းတလျှောက် အခမ်းနားဆုံးကစားသမားတစ်ဦးဖြစ်ကြောင်း မန်စီးတီးအသင်းက ဂုဏ်ပြုစာ ထုတ်ပြန်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013