DVB Logo
Home
နိုင်ငံတကာ
ရုရှားက ထိပ်တန်းဆိုက်ဘာလုံခြုံရေးအမှုဆောင်ကို ထောင်ဒဏ် ၁၄ နှစ်ချ
DVB
·
July 27, 2023
ရုရှားက ထိပ်တန်းဆိုက်ဘာလုံခြုံရေးအမှုဆောင်ကို ထောင်ဒဏ် ၁၄ နှစ်ချ
Donate to DVB

နိုင်ငံခြားသူလျှိုတွေဆီ အစိုးရဆိုင်ရာ ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေကို ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ထိပ်တန်း ဆိုက်ဘာလုံခြုံရေးအမှုဆောင် အီလ်ယာ ဆပ်ချ်ကို့ဗ်ကို ဇူလိုင် ၂၆ ရက်မှာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားရုံးက ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာန TASS က ပြောပါတယ်။

ရုရှားဖက်ဒရေးရှင်းရဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၇၅ အရ ပြစ်မှုကျူးလွန်တဲ့အတွက် တနှစ်တာ လွတ်လပ်မှု ကန့်သတ်ချက်နဲ့ ဒဏ်ငွေ ရူဘယ် ၅ သိန်း အပါအဝင် ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ကြောင်း အမည်မဖော်ထားတဲ့ တရားသူကြီးက ပြောပါတယ်။

မှန်ကာထားတဲ့ အချုပ်ခန်းထဲမှာ စီရင်ချက်ချတာကို နားထောင်ခဲ့တဲ့ ဆပ်ချ်ကို့ဗ်က သူ အမှား မကျူးလွန်ထားကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဆပ်ချ်ကို့ဗ်ဟာ တချိန်က ရုရှားရဲ့ အထင်ရှားဆုံး ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီတခုဖြစ်တဲ့ Group-IB (ဂရု အိုင်ဘီ) တည်ထောင်ရာမှာ ကူညီပေးခဲ့သူဖြစ်ပြီး အခုတော့ သူဟာ Group-IB နဲ့ ဆက်နွှယ်ခြင်းမရှိတော့ဘဲ ရှယ်ယာပိုင်ဆိုင်မှုပဲ ရှိပါတယ်။

ရုရှားဖက်ဒရယ်လုံခြုံရေး ဝန်ဆောင်မှု (FSB) ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အသက် ၃၇ နှစ်ရှိ ဆပ်ချ်ကို့ဗ်ကို ထိပ်တန်းလျှို့ဝှက်အချက်အလက်ဆိုင်ရာ အမှုတခုမှာ နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်နဲ့ ဖမ်းဆီးခဲ့တာပါ။

Group-IB ရဲ့ ရုရှားစီးပွားရေးလုပ်ငန်းကို ဝယ်ယူခဲ့ပြီး F.A.C.C.T လို့ အမည်ပြောင်းခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဟာ ဆပ်ချ်ကို့ဗ်ရဲ့ ပြစ်ဒဏ်ကို အယူခံဝင်မှာဖြစ်ပြီး သမ္မတ ဗလာဒီမာ ပူတင်ကို ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဆပ်ချ်ကို့ဗ်ကို လုံခြုံရေးမြင့်မားတဲ့ ရာဇဝတ်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံစေဖို့ အမိန့်ထုတ်ခံခဲ့ရကြောင်း သူတို့က ဆိုပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013