DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပြဿ နာကို အကြမ်းဖက်နည်းနှင့် မဖြေရှင်းသင့်ဘူးလို့ ဒေါ်စု ပြော
DVB
·
July 19, 2014
နိုင်ငံရေးပြဿ     နာကို အကြမ်းဖက်နည်းနှင့် မဖြေရှင်းသင့်ဘူးလို့ ဒေါ်စု ပြော
1 / 2
Donate to DVB

နိုင်ငံရေးပြဿ နာကို အကြမ်းဖက်နည်းနဲ့ မဖြေရှင်းသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကျရောက်တဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့မှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့တာပါ။

DASSK Specch 67MartyrDayအာဇာနည်နေ့ဟာ ဘာကိုပြသလဲဆိုရင် နိုင်ငံရေးပြဿ နာကို လက်နက်နည်းနဲ့ ဖြေရှင်းလို့ မရဘူး ဆိုတာ သင်ခန်းစာယူဖို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“နိုင်ငံအရေးအရ စဉ်းစားမယ်ဆိုရင် ရိုးရိုးလေးပါ။ အာဇာနည်နေ့ဟာ ဘာကို ပြနေသလဲဆိုတော့ နိုင်ငံရေးပြဿ နာများကို အကြမ်းဖက်တဲ့နည်းနဲ့ လက်နက်နည်းနဲ့ ဖြေရှင်းချင်တဲ့ ပုဂ္ဂိုလ်များ၊ ဖြေရှင်းချင်တဲ့ အဖွဲ့အစည်းများ ဆိုတာ အရင်တုန်းကလည်း ရှိခဲ့တယ်၊ နောင်လည်း ရှိမှာပဲ၊ အခုလည်း ရှိနေကြမှာပဲ။ ဒါပေမယ့် ဒီလိုဖြေရှင်းခြင်းဟာ တကယ်တော့ ပြဿ နာကို ပြေလည်စေတာ မဟုတ်ပါဘူးဆိုတာ အများကနေ သင်ခန်းစာ ယူဖို့ ဖြစ်ပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ပုဂ္ဂိုလ်တွေကို တကယ်ပဲကျေးဇူးတင်တယ်ဆိုရင် နိုင်ငံရေးပြဿ နာတွေကို ဘယ်တော့မှလက်နက်နည်းနဲ့ မဖြေရှင်းသင့်ပဲ မှန်ကန်တဲ့နည်းနဲ့သာ ဖြေရှင်းသင့်တယ်လို့ အခုလိုပြောပါတယ်။

“ကျမတို့ဟာ အာဇာနည်ကြီးတွေကို တကယ်ပဲ ကျေးဇူးတင်တယ်၊ တကယ်ပဲ စိတ်ထဲမှာ အမှတ်တရ ရှိနေတယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးပြဿ နာတွေကို ဘယ်တော့မှ လက်နက်နည်းနဲ့ မဖြေရှင်းသင့်ဘူး။ မှန်ကန်တဲ့ နည်းတွေနဲ့ ဖြေရှင်းသင့်တယ်ဆိုတာ ကျမတို့ သဘောပေါက်ရမှာပါ။ မှန်ကန်တဲ့ နည်းတွေဟာ ဘာလဲဆိုရင် အခုဆိုရင် ဒီမိုကရေစီ ရရှိရေးအတွက် ကျမတို့နိုင်ငံက ကျိုးပမ်းခဲ့ကြတာ ဆယ်စုနှစ် ၃ စုလောက် ရှိသွားပါပြီ။ အဲဒါဘာကို လိုချင်လို့လဲဆိုတော့ ပြည်သူပြည်သားတွေကို တန်ဖိုးထားတဲ့ စနစ်တခုကို ကျမတို့နိုင်ငံမှာ အခြေခိုင်ချင်လို့ပါ။”

ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နေ့မှာ မျက်ရည်ကျဖို့ မဟုတ်ပဲ အာဇာနည် ခေါင်းဆောင်တွေ လိုလားတဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ဖို့ ကြိုးစားသွားရမယ့် သံန္နိဋ္ဌာန်ချသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
“ကျမတို့ဟာ အာဇာနည်နေ့မှာ မျက်ရည်ကျဖို့မဟုတ်ဘူး သံန္နိဋ္ဌာန်ချဖို့ ပါပဲလို့ ကျမက ဒီလိုပဲ စိတ်ထဲမှာ ထားပါတယ်။ အာဇာနည်နေ့မှာ သံန္နိဋ္ဌာန်ချရမှာက ကျမတို့ဟာ အာဇာနည် ခေါင်းဆောင်ကြီးများ လိုလားခဲ့တဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ခိုင်မာလာအောင်လို့ ဆက်ပြီး ကြိုးစားသွားကြမယ်လို့ ဒီလို သံန္နိဋ္ဌာန်ချရမယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ ၆၇ နှစ်မြောက်အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က မိန်ခွန်းပြောကြားခဲ့သလိုပဲ ဒီမနက်ပိုင်းမှာလည်း အာဇာနည်းကုန်းကို သွားရောက်ပြီး လွမ်းသူပန်းခွေချပြီး အလေးပြုခဲ့ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးအတော်များများမှာ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်တဲ့ ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲဂုဏ်ပြုတဲ့အသံတွေ ဖုံးလွှမ်းခဲ့ပါတယ်။

နိုင်ငံပိုင်မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနက ဥသြဆွဲခဲ့သလို စက်ရုံတွေ မီးသတ်စခန်းတွေ ကနေလည်း ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲပေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013