DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူး ဆွမ်းသွပ်အမျှဝေ
DVB
·
July 19, 2014
သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူး ဆွမ်းသွပ်အမျှဝေ
Donate to DVB

ဒီနေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့မှာတော့ ရန်ကုန်၊မနလေးနဲ့ မြို့ကြီး အတော်များများမှာ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်တဲ့ ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲဂုဏ်ပြုတဲ့အသံတွေ ဖုံးလွှမ်းခဲ့ပါတယ်။

နှစ်အစိတ်လောက် မကြားခဲ့ကြရတဲ့ ဥသြဆွဲသံကြောင့် ဒီတကြိမ် အာဇာနည်နေ့ဟာ အများပြည်သူတွေအကြား အမှတ်ရစရာလည်း ဖြစ်ခဲ့ရပါတယ်။

min aung hlaing & u thein seinနိုင်ငံပိုင်မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနက ဥသြဆွဲခဲ့သလို စက်ရုံတွေ မီးသတ်စခန်းတွေ ကနေလည်း ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲပေးခဲ့ကြပါတယ်။

ဒီနှစ်အာဇာနည်နေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က နေပြည်တော်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ဆွမ်းသွပ် အမျှပေးဝေခဲ့ကြတယ်လို့ အဲ့ဒီပွဲတက်ခဲ့တဲ့ ဥတ္တရသီရိမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

“ဆွမ်းကပ်တဲ့ပွဲပါ။ ကုသိုလ်ကောင်းမှုလုပ် အမျှပေးဝေတဲ့ပွဲ။ နောက် သာဓုအနုမောဒနာ ခေါ်တယ်။ အဓိကကတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီးတော့မှ ဆွမ်းကပ်၊ အမျှအတမ်းဝေ ကုသိုလ်ကောင်းမှု ပြုလုပ်တဲ့ပွဲပေါ့လေ။”

ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို ချီတက် အလေးပြုတဲ့ပွဲကိုတော့ အစိုးရဘက် ဒုသမ္မတ စိုင်းမောက်ခမ်း၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦးဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ တက်ရောက်ပြီး အလေးပြုခဲ့ကြတာလည်း တွေ့မြင်ခဲ့ရပါတယ်။

အခုလို အစိုးရအဖွဲ့နဲ့ လွှတ်တော်ခေါင်းဆောင်တွေ အာဇာနည်နေ့ အခမ်းအနားတွေကို ထူးထူးခြားခြား တက်ရောက်ခဲ့ကြတာနဲ့ ပတ်သက်ပြီး ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ကိုမြအေးက အခုလိုဖြစ်သင့်တာကြာပြီလို့ မှတ်ချက်ပေး ပြောပါတယ်။

“ကျနော်မြင်တာက ပြည်သူလူထုက နဂိုကတည်းက နှစ်တိုင်းနှစ်တိုင်း ဥသြဆွဲချင်တယ်။ အာဇာနည် အခမ်းအနားကို နိုင်ငံတော် အကြီးအကဲပုဂ္ဂိုလ်တွေ တက်ရောက်ပြီးတော့မှ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါဝရပြုတဲ့ဟာမျိုးတွေ မြင်ချင်ကြတယ်။ ဘာပဲပြောပြောပေါ့ဗျာ ဒီနှစ်က သမ္မတတို့ ကာချုပ်တို့အနေနဲ့တော့ အာဇာနည်ကုန်းပေါ် မရောက်သေးပေမယ့်လည်း ကျနော်မြင်တဲ့အမြင်ပြောရမယ်ဆိုရင် တိုးတတ်လာတယ်လို့လည်း မြင်တယ်။ ဒီလိုမျိုးလုပ်လာတာ အကောင်းဘက်ကို မြင်တယ်။ ဖြစ်သင့်တာတော့ ကြာပြီ။”

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ ရန်ကုန်မြို့က ၀န်ကြီးများရုံးကို ဒီနှစ်အာဇာနည်နေ့မှာ အများပြည်သူကို ပထမဆုံး ၀င်ရောက်လေ့လာခွင့်ပြုခဲ့တာလည်း ထူးခြားပါတယ်။

နေပြည်တော် အာဇာနည်ကြီးများ ရည်စူးလှူဒါန်းတဲ့ ဆွမ်းကပ်လှူပွဲတက်ခဲ့တဲ့ ဥတ္တရသီရိ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ညီညွတ်မှုနဲ့ နိုင်ငံတည်ဆောက်ဖို့ မျှော်လင့်ပါတယ်။

“အလားအလာအရ ဒီလိုလည်း ဖြစ်သင့်တာကြာပြီပေါ့လေ။ အဲဒါကြောင့် ဒီလိုအနေအထားမျိုး တွေ အာဇာနည်ခေါင်းဆောင်ကို ရည်စူးဆောင်ရွက်တဲ့ ကိစ္စတွေ ကျေးဇူးတရားကို မမေ့တဲ့ အနေအထားအရ ဆက်လက်ဆောင်ရွက်ရင်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဆောင်ရွက်စေချင်တယ်။ အဲဒီမှာ ထူးထူးခြားခြား ဇီးကုန်းဆရာတော်ဘုရားကြီး မိန့်ကြားချက် မှာထဲမှာတော့ ညီညွတ်ခြင်းဟာ အားဖြစ်တယ်၊ နိုင်ငံတည်ဆောက်ရေးဆောင်ရွက်ရာမှာ ညီညီညွတ်ညွတ်နဲ့ အားလုံး လက်တွဲဆောက်ရွက်သွားမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမယ် နိုင်ငံ့တည်ဆောက်ရေးဟာလည်း ပိုမိုကောင်းမွန်လာမယ်ဆိုတဲ့ သြ၀ါဒပေးတဲ့အတိုင်းပဲ ကျနော်တော့ အဲဒီလို မျှော်လင့်ပါတယ်။”

၆၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွေကို မြန်မာနိုင်ငံမြို့ကြီးအတော်များများမှာ စည်စည်ကားကား ကျင်းပခဲ့ကြတာလည်း တွေ့မြင်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013