DVB Logo
Home
နိုင်ငံတကာ
Tom And Jerry ကာတွန်းစီးရီးသစ် စင်ကာပူတွင် စတင်ပြသမည်
DVB
·
July 27, 2023
Tom And Jerry ကာတွန်းစီးရီးသစ် စင်ကာပူတွင် စတင်ပြသမည်
Donate to DVB

ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ကြောင်နဲ့ ကြွက် နှစ်ကောင်ဖြစ်တဲ့ Tom And Jerry ကာတွန်စီးရီးသစ်ဟာ စင်ကာပူကို ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ ဇူလိုင် ၂၆ ရက်မှာ Warner Bros Discovery က ကြေညာခဲ့ပါတယ်။

အာရှကထုတ်လုပ်တဲ့ စီးရီးသစ်မှာ သုံးမိနစ်စာ အပိုင်းတို ၇ ခု ပါဝင်မှာဖြစ်ပြီး သူ့ရဲ့ ပရီမီယာအပိုင်းကို မကြာခင်မှာ အသေးစိတ်အချက်အလက်နဲ့အတူ လာမယ့်သြဂုတ်လမှာ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲကို အာရှ-ပစိဖိတ်က Cartoon Network နဲ့ အရှေ့တောင်အာရှ၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်မှာရှိတဲ့ HBO Go တို့မှာ ပြသမှာဖြစ်ပြီး နိုင်ငံတကာမှာ မပြသခင် စင်ကာပူမှာ ပြသမှာဖြစ်ပါတယ်။

Warner Bros Discovery အရှေ့တောင်အာရှ ကလေးတွေအတွက် အကြီးအကဲ ခရစ်စတိုဖာဟို က “ဒီစီးရီးဟာ Hanna-Barbera 1950s ခေတ်က အထင်ကရ ဂီတနဲ့ ဂန္ထဝင် ကာတွန်းပုံစံကို ပြန်ယူလာပါတယ်။ ဒါပေမဲ့ ခေတ်မီတဲ့ စင်ကာပူပုံစံနဲ့ပါ။ ထူးခြားတဲ့ အထင်ကရနေရာတွေ၊ နောက်ခံတွေနဲ့အတူ အာရှမြို့ပြနိုင်ငံက Tom and Jerry ကျမ်းဂန်ကို ဟာသနှောကာ ပေါင်းစည်းဖန်တီးဖို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ စင်ကာပူနဲ့ အာရှတဝှမ်းက ပြည်တွင်းဖြစ် ဖန်တီးမှုစွမ်းရည်တွေနဲ့ လုပ်ဆောင်ထားပြီး ဒီပရောဂျက်ဟာ ဒေသတွင်းနဲ့ ပြင်ပမှာ လူကြိုက်များတဲ့ franchise တွေကို တိုးပွားစေပါတယ်” လို ့ပြောပါတယ်။

စင်ကာပူအခြေစိုက် Robot Playground Media and Chips နဲ့ Toon Studios တို့က ဇာတ်လမ်းတွေ ဒီဇိုင်းတွေနဲ့ Aum Animation Studios India က ကာတွန်းရုပ်ရှင်တွေ ရိုက်ကူးထားပါတယ်။

Source - CNA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013