
အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်နိုင်တယ်လို့ ကွင်းလယ်ကစားသမားသစ် ဒက်ကလန်ရိုက်က ယုံကြည်နေပါတယ်။
ဝက်စ်ဟမ်းကနေ ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ဒက်ကလန်ရိုက်စ်ဟာ နည်းပြအာတီတာ တည်ဆောက်နေတဲ့အသင်းအပေါ် ယုံကြည်မှုရှိနေပြီး ချန်ပီယံဖြစ်ဖို့အထိ မျှော်မှန်းထားတာပါ။
အာဆင်နယ်ဟာ မနှစ်ကရာသီကတည်းက ချန်ပီယံဆုနဲ့ အလွန်နီးကပ်ခဲ့ပြီး လာမယ့် ရာသီမှာတော့ အတွေ့အကြုံရှိတဲ့၊ ပိုကောင်းတဲ့အသင်း ဖြစ်လာမယ်လို့ ဒက်ကလန်ရိုက်စ်က ပြောပါတယ်။
“မီခေးလ်အာတီတာက အသင်းကိုတိုးတက်လာဖို့ နှစ်စဉ် လုပ်ဆောင်နေတယ်။ ကစားသမားတွေကလည်း တိုးတက်မှုတွေရှိလာပြီး နောက်တဆင့်ကို တက်လှမ်းနေကြတယ်။ ကျနော့်အဖို့တော့ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးအချိန်တွေ ပြန်ရဖို့နဲ့ ဆုဖလားတွေရယူနိုင်ဖို့ ချီတက်ရာလမ်းကြောင်းမှာ အစိတ်အပိုင်းတခုဖြစ်ရမှာက အမှန်တကယ် စိတ်လှုပ်ရှားစရာကောင်းပါတယ်။”
နည်းပြအာတီတာဆီကနေ သင်ယူလေ့လာစရာတွေ အများကြီးရရှိပြီး၊ ကစားသမားတွေအနေနဲ့ အာတီတာနဲ့ တွေ့ချိန်မှာ ဘောလုံးအကြောင်း အမှန်တကယ် မသိသေးတာကို သိမြင်လာလိမ့်မယ်လို့ ရိုက်စ်က ပြောသွားပါတယ်။










