DVB Logo
Home
Lead Story
အစိုးရအာဏာပိုင်တွေ မီဒီယာတွေကို ဖိနှပ်သည့်လုပ်ရပ် အန်အယ်ဒီ ကြေညာချက် ထုတ်ပြန်
DVB
·
July 19, 2014
အစိုးရအာဏာပိုင်တွေ မီဒီယာတွေကို ဖိနှပ်သည့်လုပ်ရပ် အန်အယ်ဒီ ကြေညာချက် ထုတ်ပြန်
Donate to DVB

လတ်တလောမှာ ဖြစ်ပွားနေတဲ့ အစိုးရအာဏာပိုင်တွေက မီဒီယာတွေကို ဖိနှိပ်တဲ့လုပ်ရပ်တွေ လုပ်ဆောင်လာတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)သတင်းနဲ့ ပြန်ကြားရေးဌာနကနေ ဇူလိုင် ၁၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ၁ စောင်ထုတ်ပြန်လိုက်ပါတယ်။

stop killing mediaမြန်မာနိုင်ငံအထူးရဲတပ်ဖွဲ့ကနေ စာနယ်ဇင်းနဲ့ ပုဂ္ဂလိက မီဒီယာတွေကိုခေါ်ယူစစ်ဆေးတာနဲ့ ပတ်သက်ပြီး ကန့်ကွက်တာ၊ ယူနတီဂျာနယ် အမှုဆောင်အပါအဝင် သတင်းထောက် ၄ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်တာကို ကန့်ကွက်တာ၊ Bi မွန်းတည့်နေဂျာနယ် က တာဝန်ရှိ သူတွေကိုလည်း ခေါ်ယူစစ်ဆေး၊ အရေးယူသွားမယ် ဆိုတာကို ကန့်ကွက်တာနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အနုပညာရှင်တွေ တွေ့ဆုံခဲ့စဉ် သတင်းယူခွင့် ပိတ်ပင်ခဲ့တာကြောင့် သတင်းထောက်တွေ ဆန္ဒပြတဲ့အပေါ် ပုဒ်မ ၁၈ နဲ့ သတင်းထောက် အယောက် ၅၀ ကို အာဏာပိုင် ဘက်ကတရားစွဲဖို့ ပြင်ဆင်နေတာကိုလည်း ကန့်ကွက်ကြောင်းတို့ ပါဝင်ပါတယ်။

ဒီလိုကြေညာချက် ထုတ်ပြန်ရတာနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင် ကတော့ ၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန်မှ အာဏာပိုင်ဘက်က နှိပ်ကွက်မှုတွေ ပြင်းထန်လာပြီဆိုတာကို သတိပေးခြင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013