DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ခရမ်းချဉ်သီးစားသုံးမှု လျှော့ချ
DVB
·
July 26, 2023
အိန္ဒိယတွင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ခရမ်းချဉ်သီးစားသုံးမှု လျှော့ချ
Donate to DVB

အိန္ဒိယနိုင်ငံမှာ ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေဟာ ၅၀၀ ရာခိုင်နှုန်းကျော် တက်သွားပြီး နောက်မှာတော့ အိန္ဒိယ စားသုံးသူတွေဟာ ခရမ်းချဉ်သီး စားသုံးတာကို ရပ်တန့်လိုက်ပြီလို့ ဇူလိုင် ၂၆ ရက်မှာ ပြောကြားခဲ့ပြီး နိုင်ငံတွင်းရှိ စားသောက်ဆိုင်အများအပြားမှာလည်း ခရမ်းချဉ်သီးသုံးစွဲမှုကို လျှော့ချလိုက်ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ ရာသီအလိုက် ထုတ်လုပ်မှုနည်းပါးတဲ့အချိန်မှာ မုတ်သုံမိုး ရွာသွန်းမှုကြောင့် ထောက်ပံ့ပို့ဆောင်ရေးတွေ ပြတ်တောက်ကုန်လို့ အိန္ဒိယ ဟင်းချက်ပြုတ်ရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့ ခရမ်းချဉ်သီးဈေးနှုန်းတွေက လတ်တလော သီတင်းပတ်တွေအတွင်း စံချိန်တင် မြင့်မားခဲ့တာပါ။

အစိုးရကလည်း မိုဘိုင်းလ်ကားတွေနဲ့ ထောက်ပံ့ရောင်းချမှုအတွက် အတင်းစီစဉ်နေပါတယ်။

McDonald's နဲ့ Subway ဆိုင်အများအပြားကလည်း သူတို့ရဲ့ အစားအသောက်စာရင်း မီနူးထဲကနေ ခရမ်းချဉ်သီးတွေကို ဖယ်ထုတ်ခဲ့ပေမဲ့ စားသောက်ကုန်စျေးနှုန်းတွေ မြင့်မားနေမှုဟာ လုပ်ငန်းခွင်မှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှု ရှိနေတာပါ။

အိန္ဒိယနိုင်ငံရဲ့ ပျမ်းမျှ လူတဦးချင်းဝင်ငွေဟာ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း တလကို ဒေါ်လာ ၂၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရပြီး ဟင်းသီးဟင်းရွက်တွေဟာ နိုင်ငံရေးအရ ထိခိုက်လွယ်တဲ့ ကုန်ပစ္စည်းတခုအဖြစ် ဆက်ရှိနေပါတယ်။

အိန္ဒိယမှာ ဟင်းချက်ရာမှာအသုံးပြုတဲ့ တခြား အဓိကပါဝင်ပစ္စည်းတွေထဲက ကြက်သွန်နီ ဈေးနှုန်းတွေလည်း ပြီးခဲ့တဲ့နှစ်က မြင့်တက်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013