DVB Logo
Home
Lead Story
အာဇာနည်သို့ ဦးညွှတ်သူများအဖွဲ့ အာဇာနည်နေ့အခမ်းအနား ကျင်းပ
DVB
·
July 19, 2014
အာဇာနည်သို့ ဦးညွှတ်သူများအဖွဲ့ အာဇာနည်နေ့အခမ်းအနား ကျင်းပ
1 / 5
Donate to DVB

ပြည်တွင်းလူငယ်အဖွဲ့အစည်းနဲ့ တိုင်းရင်းသားအဖွဲ့ ၃၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အာဇာနည်သို့ ဦးညွှတ်သူများလို့ အမည်ရတဲ့ အဖွဲ့တခုက ဒီကနေ့ မနက်ပိုင်း မြေနီကုန်းပန်းခြံမှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

အာဇာနည်သို့ ဦးညွှတ်သူများအဖွဲ့ဝင်တွေက ၁၀ နာရီ ၃၇ မိနစ်မှာ  ကျဆုံးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်တွေကို ဥသြဆွဲ အလေးပြုခဲ့ကြပြီး အမှတ်တရစကားတွေလည်း ပြောကြားခဲ့ကြပါ တယ်။ အာဇာနည်သို့ ဦးညွှတ်သူများအဖွဲ့ဝင်တွေက နေ့လည် ၁၂ နာရီမှာ မြေနီကုန်းပန်းခြံကနေ အာဇာနည်ကုန်းကို လမ်းလျှောက်ပြီး ဂါရ၀ပြုကြမှာ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁ဝး၃၇ မိနစ်အချိန် ၀န်ကြီးများရုံးမှာ  မသမာသူလူတစုရဲ့ ပစ်ခတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင် ၉ ဦးကျဆုံးခဲ့ပြီး မြန်မာပြည် တပြည်လုံး ၀မ်းနည်းကြေကွဲခဲ့ရပါတယ်။

အဲဒီနေ့ကို သတိရအောက်မေ့နေစေဖို့အတွက် အာဇာနည်နေ့အဖြစ် ဂုဏ်ပြုသတ်မှတ် ခဲ့ကြပြီး ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့ဟာဆိုရင် ၆၇ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

ပုံစာ- အာဇာနည်သို့ ဦးညွှတ်သူများအဖွဲ့ဝင်များ မြေနီကုန်းပန်းခြံမှာ အခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ - ထွန်းထွန်းသိန်း)

[gallery ids="60630,60629,60628,60627,60626"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013