DVB Logo
Home
မြန်မာသတင်း
တရုတ် အဝယ်လိုက်သဖြင့် ပဲတီစိမ်းဈေး မြင့်တက်
DVB
·
July 25, 2023
Gallery image 1
1 / 3
Donate to DVB

တရုတ်က အဝယ်လိုက်လာတာကြောင့် အခုအပတ်အတွင်း ပဲတီစိမ်းဈေးနှုန်း မြင့်တက်လာတယ်လို့ ပဲရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေထံက သိရပါတယ်။

ပဲတီစိမ်းဈေးဟာ စပေါ်တုန်းက ပဲတီစိမ်းရှယ်တတင်း (ပိဿာ ၂၀) ကို ကျပ် ၇၅,၀၀၀၊ ပဲတီစိမ်း အညံ့စား တတင်း (ပိဿာ ၂၀) ကို ကျပ် ၆၀,၀၀၀ နီးပါးအထိ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ပဲတီစိမ်းရှယ်တတင်း (ပိဿာ ၂၀) ကို ကျပ် ၆၂,၀၀၀၊ ပဲတီစိမ်းအညံ့စား တတင်းကို ကျပ် ၄၈,၀၀၀ အထိ ကျဆင်းခဲ့ပါတယ်။

ရန်ကုန် ပဲတီးစိမ်းဈေးကွက်မှာ ဇူလိုင် ၂၄ ရက် ဈေးနှုန်းအရ ပဲတီစိမ်းရှယ် တတင်း (ပိဿာ ၂၀) ကို ကျပ် ၆၈,၀၀၀ နဲ့ ပဲတီစိမ်းအညံ့စား တတင်း (ပိဿာ ၂၀) ကို ကျပ် ၅၃,၀၀၀ အထိ ပြန်လည်မြင့်တက်လာပါတယ်။

ရန်ကုန်မှ ပဲရောင်းဝယ်သူတဦးက “ပဲတီစိမ်းဈေးက အဝယ်လေးလိုက်လာတော့ တဖြည်းဖြည်းနဲ့ နည်းနည်းချင်းစီ တက်လာတယ်။ တရုတ်ဘက်ကလည်း အဝယ်ပိုလိုက်တာတယ်။ ဈေးကကောင်းလာပေမဲ့ ပစ္စည်းက အများ​ကြီးမရှိပါဘူး” လို့ ပြောပါတယ်။

ပဲတီစိမ်းဈေးနှုန်း တက်လာခဲ့ပေမဲ့ စပေါ်တုန်းကဈေးနှုန်းကို မရောက်နိုင်တော့ဘူးလို့ ပဲ​တီစိမ်း ရောင်းဝယ်သူ​တွေထံက သိရပါတယ်။

ပဲတီစိမ်း စိုက်ပျိုးရောင်းဝယ်သူတဦးက “ပုံမှန်ဆို ပဲစပေါတဲ့ဈေးထက် တဖြည်းဖြည်း မြင့်သွားတာ၊ ပဲရှားရင် အမြင့်ဆုံးကို ရောက်သွားတာပေါ့။ အခုက ပဲစပေါ်တုန်းကဈေးက အရမ်းကောင်းပြီး တဖြည်းဖြည်းနဲ့ ထိုးကျသွားတာ။ အခုလို ဈေးပြန်တက်လာမယ်လို့လည်း မထင်ထားဘူး။ ပဲတီစိမ်းအသစ်လည်း ပေါ်တော့မှာဆိုတော့ ဒီဈေးထက် ပိုတက်မယ်လို့ မထင်တော့ဘူး။ ကျနော်တို့လည်း ရှိသမျှပဲတီစိမ်း အကုန်ထုတ်ရောင်းလိုက်ပါပြီ” လို့ ပြောပါတယ်။

ပဲတီစိမ်းကို မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ အဓိကစိုက်ပျိုးပါတယ်။

ပဲတီစိမ်းကို မိုးကြိုရာသီစိုက်ပျိုးရာမှာ ဖေဖော်ဝါရီလလယ်မှ မတ်လအလယ်၊ မိုးရာသီ စိုက်ပျိုးရာမှာ မေလလယ်မှ သြဂုတ်လလယ်၊ စပါးရိတ်သိမ်းပြီးချိန် သီးထပ်အနေနဲ့ နိုဝင်ဘာလတို့မှာ စိုက်ပျိုးကြပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လအစအထိ နှစ်လအတွင်း ပြည်ပကို ပဲတီစိမ်း ၁၁၇,၂၀၁ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၆၃၉ သန်း ရရှိခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013