DVB Logo
Home
မြန်မာသတင်း
အဓမ္မပြုကျင့်မှုအဆို လွှတ်တော်တွင် မှတ်တမ်းထားပြီး စောင့်ကြည့် ထိန်းညှိမည်
DVB
·
July 18, 2014
အဓမ္မပြုကျင့်မှုအဆို လွှတ်တော်တွင် မှတ်တမ်းထားပြီး စောင့်ကြည့် ထိန်းညှိမည်
Donate to DVB

အဓမ္မပြုကျင့်မှုတိုက်ဖျက်နှိမ်နင်းရေးကို  စီမံချက်တရပ်ချပြီး ထိထိရောက်ရောက် လုပ်ဆောင်ဖို့ အဆိုတင်သွင်းရာမှာ  ပြည်သူ့လွှတ်တော်က လွှတ်တော်မှာ မှတ်တမ်းထားရှိပြီး ထိန်းညှိဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ဒီနေ့ ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ ရန်ကုန်တိုင်း၊ အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အဆိုတင်သွင်းခဲ့တာ ဖြစ်ပြီး လွှတ်တော်က မှတ်တမ်းထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

parliment july4 againအဓမ္မပြုကျင့်မှုတွေ ဘယ်လောက်တောင်များပြီး ဘယ်လောက်လောက်ထိ စိုးရိမ်စရာအခြေအနေရှိလို့ အခုလို အဆိုတင်သွင်းရတာလဲလို့ ဦးခိုင်မောင်ရည်ကို မေးမြန်းရာမှာ အခုလိုပြောပါတယ်။

“အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်ခံရတဲ့ အများဆုံး ၂၁ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်တယ် ဆိုတာကိုလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောထားတယ်။ ကျနော်တို့ နိုင်ငံအနေနဲ့ ဒါကို ဂရုတစိုက်လုပ်ရမယ့် အနေအထားမျိုးဖြစ်နေပြီ။ ဘယ်လိုပဲ ဆောင်ရွက် ဆောင်ရွက် အမှုတွေက လျော့ကျမသွားဘူးဆိုရင် ဒါဆောင်ရွက်မှု ထိရောက်တယ်လို့ ပြောလို့မရပါဘူး။ အမှုဆိုတဲ့ ဖြစ်စဉ်က သက်ဆိုင်ရာ ရဲစခန်း၊ တရားရုံး နေရာတွေကို ရောက်တဲ့ အမှုတွေကိုပဲ သိရပါတယ်။ မတိုင်ကြားနိုင်တဲ့ အမှုတွေက အများကြီးပါ။ နယ်စပ်နေရာတွေမှာ တချို့အုပ်ရေးအာဏာ အပြည့်အ၀ မရောက်တဲ့နေရာတွေမှာ ပြီးတော့ စစ်ဘေးရှောင်နေတဲ့ နေရာတွေမှာ အဓမ္မ ပြုခံရတာတွေ အများကြီးပါ။ ဒါပေမယ့် ဘယ်သူမှ မသိလိုက်ရဘူး။ သက်ဆိုင်ရာ မိသားစုကလွှဲရင် ဘယ်ကိုမှလည်း အမှုအဖြစ်နဲ့ ရောက်မလာဘူး။ အဲဒီလို ကိစ္စတွေ အများကြီး ရှိနိုင်ပါတယ်။ ကျနော်တို့ သိတဲ့ အမှု ၅၀၀ ဆိုရင် မသိတဲ့ အမှုတွေက ၂၀၀၀ လောက် ရှိနေနိုင်ပါတယ်။ လေးဆလောက်က မသိတဲ့သဘောပါ။”

ဦးခိုင်မောင်ရည်ရဲ့ အဆိုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက အဓမ္မပြုကျင့်မှုတွေကို အရေးယူလုပ်ဆောင်နေတယ်လို့ လာရောက် တင်ပြသွားခဲ့ပြီး ပြည်ထဲရေးရဲ့ အရေးယူလုပ်ဆောင်မှုကို လွှတ်တော်က စောင့်ကြည့် ထိန်းညှိသွားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်အတော်များများမှာ အဓမ္မပြုကျင့်မှုတွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးဖို့နဲ့ အဓမ္မပြုကျင့်မှုတွေ ပပျောက်အောင် လုပ်ဆောင်ပေးဖို့ ဒေသခံတွေ စုရုံးဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြပြီး ဒီကိစ္စ လွှတ်တော်မှာ အခုလို အဆိုတင်သွင်းလာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ တရားဝင်စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုတွေမှာ ဧရာဝတီတိုင်းအတွင်း ၁၁ မှုနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းမှာ ဒုတိယအများဆုံးဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013