DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ တောင်သူ ၃၀ ကျော်ကို ထောင်ချ
DVB
·
July 18, 2014
ကန့်ဘလူ တောင်သူ ၃၀ ကျော်ကို ထောင်ချ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက တပ်သိမ်းမြေတွေ ပြန်ရရေးအတွက် ပြီးခဲ့တဲ့ ဇွန်လအတွင်းက ထွန်တုံးတိုက်ပွဲလုပ်ခဲ့တဲ့ တောင်သူ ၄၀၀ ကျော်ကို တရားစွဲဆိုထားတာမှာ ဒီနေ့ တောင်သူ ၃၀ ကျော်ကို ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

[caption id="attachment_60598" align="alignright" width="300"]ကန့်ဘလူလယ်သမားများ တရားရုံးရှေ့တွင် တွေ့ရစဉ် ကန့်ဘလူလယ်သမားများ တရားရုံးရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - ကိုဟန်ဝင်းအောင်)[/caption]

ကန့်ဘလူမြို့နယ်၊ ပေကြီး၊ ခအုန်းသာ၊ ငှက်ပျောတိုင်း နဲ့ ထောက်ရှာအိုင်ရွာက တောင်သူ ၄၀၀ ကျော်ကို ပိုင်နက်ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

မြေသိမ်းထားတဲ့တပ်က ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲဆိုပြီး စစ်တပ်က သီးစားချထားတဲ့ တောင်သူတွေက မူပိုင်ရှင်တွေကို အကျိုးဖျက်ဆီးမှုနဲ့ စွဲဆိုတာပါလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ဒီနေ့မှာတော့ ပေကြီးနဲ့ ခအုန်းသာရွာက  တောင်သူ  ၃၂ ယောက်ကို အကျိုးဖျက်ဆီးမှုနဲ့ ကန့်ဘလူမြို့နယ်တရားရုံးက  ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ကူညီဆောင်ရွက်ပေးသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

တောင်သူလယ်သမား အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးရေးအဖွဲ့ စစ်ကိုင်းတိုင်း တွဲဖက်တာဝန်ခံ ဦးတင်နိုင်ထွန်းက “အဲဒီတောင်သူတွေက ပုံစံ ၃ လည်း ကျပြီးပြီ။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ ကိုယ့်မြေကိုယ်ထွန်တာကို သီးစားသမားတွေက သူတို့ သီးနှံကို ဖျက်ဆီးပါတယ်ဆိုပြီး တရားစွဲတာ။ အခုအများဆုံးပါတာက ကိုသောင်းမြင့် ၂၀ မှု၊ ကိုကျော်ထွန်းနိုင်က ၂၁ မှု သူတို့ကိုတော့ ဖျက်ချလိုက်တော့ ၁၂ မှုပေါ့။ ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်”လို့ ပြောပါတယ်။

သူတို့အနေနဲ့ကတော့ တောင်သူတွေလွတ်မြောက်ရေး ဆောင်ရွက်ဖို့ရှိသလို ပဋိပက္ခ မဖြစ်အောင် ဦးစားပေး ဆောင်ရွက်နေတယ်လို့လည်း ဦးတင်နိုင်ထွန်းက ပြောပါတယ်။

ဒီနေ့ ထောင်ဒဏ် အများဆုံးချခံလိုက်ရသူ ဦးကျော်ထွန်းနိုင်ရဲ့ အဒေါ်က “အမှုတမှုကို ၃ လနှုန်းနဲ့ အမှု ၁၂ မှု ကျသွားတယ်။ မနှစ် ၂၀၁၃ တုန်းက အစိုးရကပေးလို့ ထွန်တယ်။ ပေးတုန်းကလည်း သူတို့၊ ထောင်ချတော့လည်း သူတို့ ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

နောက်ရက်တွေမှာလည်း အမိန့်ချမှတ်မယ့် အမှုတွဲတွေ ရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ထွန်တုံးတိုက်ပွဲမှာပါခဲ့တဲ့ တောင်သူလယ်သမား အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးရေးအဖွဲ့ စစ်ကိုင်းတိုင်းတာဝန်ခံအပါအ၀င် ၆ ယောက်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခဲ့ပြီး မနေ့ကလည်း တောင်သူ ၁၈ ယောက်ကို ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့အတွက် ဒီနေ့နဲ့ ဆိုရင် တောင်သူ ၅၆ ယောက် ထောင်ဒဏ် အသီးသီးကျခံနေရပြီ ဖြစ်ပါတယ်။

မနေ့ကလည်း သိမ်းဆည်းခံမြေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ အချင်းများခဲ့တဲ့ တောင်သူ ၁၉ ယောက်ကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013