DVB Logo
Home
မြန်မာသတင်း
Master Sport စက်ရုံပိုင် ကိုးရီးယားလုပ်ငန်းရှင်ကို တရားစွဲ
DVB
·
July 18, 2014
Master Sport စက်ရုံပိုင် ကိုးရီးယားလုပ်ငန်းရှင်ကို တရားစွဲ
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က Master Sport စက်ရုံပိုင် ကိုးရီးယား လုပ်ငန်းရှင်ကို အလုပ်သမားဝန်ကြီးဌာနက တရားစွဲဆိုလိုက်ပါတယ်။

Master Sports Worker Protest17072014(5လှိုင်သာယာ မြို့နယ် တရားရုံးမှာ Master Sport စက်ရုံပိုင် ကိုးရီးယား အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူညီချက်စာချုပ်ကို မလိုက်နာတဲ့အတွက် အလုပ်သမား ၀န်ကြီးဌာန လက်အောက်ခံအလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနက တရားစွဲဆိုလိုက်တာပါ။

လူမှုဖူလုံရေးကိစ္စရပ်တွေကို အပြည့်အ၀ လုပ်ဆောင်ပေးခြင်းမရှိတာ စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုလိုက်တာလို့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးမျိုးအောင်က ပြောပါတယ်။

“အချိန်ကာလ သတ်မှတ်ပေးထားတဲ့အပေါ်မှာလည်း မဆောင်ရွက်တဲ့အပေါ်မှာ ကျနော်တို့က တရားစွဲတာပါ။ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူညီချက်စာချုပ်ကို သူက မလိုက်နာတာတို့၊ မလုပ်ဆောင်တာတို့။ အလုပ်တခုမှာ အလုပ်ရှင်နဲ့အလုပ်သမား သဘောတူညီချက် စာချုပ် ရှိရတယ်။ စာချုပ်ထဲမှာ လစာဘယ်လောက်ပေးမယ်ဆိုတဲ့ စာချုပ်ဖောက်ဖျက်မှုလည်းပါတယ်။ လူမှုဖူလုံရေး ကတ်တွေ အပြည့်အ၀မလုပ်တာတွေပါတယ်။”

အလုပ်သမား ၀န်ကြီးဌာနနဲ့ ဆွေးနွေးခဲ့စဉ်တုန်းက ပစ္စည်းအမှာ မရှိတဲ့အတွက် သူ့ရဲ့စက်ရုံပိတ်သိမ်းဖို့ အလုပ်ရှင်က ပြောဆိုခဲ့သလို လုပ်ခလစာကိုလည်း ပေးမယ်လို့ သဘောတူညီခဲ့ပေမယ် သတ်မှတ်ရက်မှာ ပေးဖို့ ပျက်ကွက်တယ်လို့ ဆိုပါတယ်။

အခက်အခဲဖြစ်နေတဲ့ အလုပ်သမား ၅၆ ဦးရဲ့ လစာတွေကို ထုတ်ပေးဖို့ ညှိနှိုင်းနိုင်ခဲ့သလို နေထိုင်ဖို့ အခက်အခဲရှိတဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အဆောင်မှာ ဆက်လက်ပေးနေဖို့၊ သက်ဆိုင်ရာ သံအမတ်ကြီးနဲ့ ၀န်ကြီးဌာနကိုလည်း အလုပ်သမား ၀န်ကြီးဌာနက အကြောင်း ကြားပေးခဲ့တယ်လို့ သူက ပြောပါတယ်။

အလုပ်ရှင်ဘက်က အလုပ်ပိတ် နစ်နာကြေးပေးဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် Master Sport အလုပ်သမား ၇၀၀ ကျော်က ဇူလိုင် ၁၈ ရက်နေ့က ရန်ကုန်အခြေစိုက် တောင်ကိုးရီးယား သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားခေါင်းဆောင် ကိုထွန်းနိုင်ကတော့ ဇွန်အတွက် လစာကို အခုထိ မရသေးတာကြောင့် အလုပ်သမားတွေအတွက် လစာ ရရှိရေးဟာ အရေးတကြီး လိုအပ်တယ်လို့ ပြောပါတယ်။

“ဒီလ ဇွန်လ လစာကို အရင်ဆုံးရအောင် တောင်းဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်ပိတ် နစ်နာကြေးမှ သူဌေးလာမှ ဖြေရှင်းပေးမယ်ဆိုတာ ထားလိုက်တော့။ သူဌေးကို ၀န်ကြီးက ခေါ်ထားတယ်။ လောလောဆယ် လက်ရှိ ၆ လပိုင်းလစာ ၁ လစာ ရှင်းရှင်းသန့်သန့် ဖြူဖြူစင်စင်နဲ့ လိုချင်တယ်။ အဲဒါကို ၀န်ကြီးဌာနကနေ အမြန်ဆုံးဖြေရှင်းပေးပါလို့ ပြောဆိုချင်တယ်။”

ဇွန်လ လစာ ရယူသွားတဲ့ အလုပ်သမား ၅၆ ဦးကတော့ အလုပ်နစ်နာကြေးနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ တောင်းဆိုမှုတွေ မလုပ်ဘူးဆိုတဲ့ သဘောတူညီချက်နဲ့ ရယူခဲ့တာလို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ ဇွန်လ လုပ်အားခလစာနဲ့ အလုပ်ပိတ်နစ်နာကြေးတွေကို ရရှိလိုနေတာလည်း ဖြစ်ပါတယ်။ ဒီစက်ရုံလုပ်သားအများစုဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

တောင်ကိုးရီးယား သံရုံးကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပြောဆိုဖို့ ငြင်းဆန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013