DVB Logo
Home
နိုင်ငံရေး
ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တွေ့ဆုံ
DVB
·
July 18, 2014
ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တွေ့ဆုံ
Donate to DVB

[caption id="attachment_60587" align="alignright" width="300"]ဧပြီ ၅ ရက်နေ့က ရခိုင်ပြည်လွတ်​မြောက်​ရေး​ပါတီ (ALP)နဲ့​ အစိုး​ရတို့​ ငြိမ်း​ချမ်း​ရေး​ ဆွေးနွေးပွဲ လက်မှတ်ထိုးစဉ် ဧပြီ ၅ ရက်နေ့က ရခိုင်ပြည်လွတ်​မြောက်​ရေး​ပါတီ (ALP)နဲ့​ အစိုး​ရတို့​ ငြိမ်း​ချမ်း​ရေး​ ဆွေးနွေးပွဲ လက်မှတ်ထိုးစဉ်[/caption]ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ခေါင်းဆောင်တွေနဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ အေအယ်လ်ပီ ရဲဘော်တွေ မြန်မာနိုင်ငံသွားလာတဲ့အချိန်မှာ အခက်အခဲ တွေ့ရတဲ့အကြောင်းတွေ၊ မကြာခင်ကျင်ပဖို့ရှိတဲ့ တိုင်း ရင်းသားထိပ်သီး ခေါင်းဆောင် ညီလာခံမတက်ခင် အပစ်ခတ်ရပ်စဲရေး အခြေအတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဒီဆွေး နွေးပွဲမှာပါဝင်တဲ့ ငြိမ်းချမ်းရေးစင်တာက အပစ်ခတ်ညှိနှိုင်းဆွေးနွေးရေးနဲ့ အကောင်အ ထည်ဖော် ရေးဌာနမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

ဒါ့အပြင် လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကနေပြီး နိုင်ငံသားပြန်လျှောက်တဲ့လုပ်ငန်းစဉ်တွေကို ရှင်းပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။ တချို့သူတွေက တခြားနိုင်ငံက ခံယူပြီး တခြားနိုင်ငံသား ခံယူထားတဲ့အတွက် တချိန် မြန်မာနိုင်ငံ ပြန်ဝင်လာရင် ဘယ်လိုလုပ်ရမလဲဆိုတာကို အကြမ်းအားဖြင့် ဆွေးနွေးတာလို့လည်း ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ အေအယ်ပီ ခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင် နဲ့ စောမြရာဇာလင်းတို့ ဦးဆောင်တာဖြစ်ပြီး အစိုးရဘက်ကတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးခင်ရီတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013