Home
နိုင်ငံတကာ
ရုရှားလေကြောင်းတိုက်ခိုက်မှု အိုဒက်စ်ဆာမြို့သား ၁ ဦး သေပြီး ၂၀ ဒဏ်ရာရာရ
DVB
·
July 24, 2023

ယူကရိန်းနိုင်ငံ၊ အိုဒက်စ်ဆာမြို့မှာ ဇူလိုင် ၂၃ ရက်၊ တနင်္ဂနွေနေ့ အစောပိုင်းတုန်းက ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  မြို့ခံတယောက် သေဆုံးကာ အယောက် ၂၀ နီးပါး ဒဏ်ရာ ရရှိခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 

ဒီဖြစ်ရပ်အတွင်း ရုရှားနဲ့ ဆက်နွယ်မှုရှိတဲ့ အော်သိုဒေါ့စ် ဘုရားကျောင်းအပြင် လူနေအိမ်နဲ့ တိုက်ခန်း အဆောက်အဦး ၆ ခု အထိ ပျက်စီးသွားခဲ့တယ်လို့ တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။ 

ယူကရိန်းရဲ့ အိုဒက်စ်ဆာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလေးကီးပါကတော့ စုစုပေါင်း လူ ၁၄ ဦး အထိ ဆေးရုံတင်ထားရတယ်လို့ အတည်ပြုပါတယ်။ 

စပါဆိုပရယ်ယိုဘရာဇန်စကိုင်း အမည်ရ ယူကရိန်းပိုင် အော်သိုဒေါ့စ် ဘုရားကျောင်း (UOC) ဟာ ဆိုးရွားစွာ ပျက်စီးသွားခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုပါတယ်။ 

ဒီဘုရားကျောင်းဟာ အိုဒက်စ်ဆာမြို့မှာ အကြီးမားဆုံးသော ခရစ်ယာန်အဆောက်အအုံ တစ်ခု ဖြစ်သလို ပုံပန်းသဏ္ဍာန်အရ ပြောင်းလဲထားတာဖြစ်ပါတယ်။ 

၁၈၀၉ ခုနှစ်ကတည်းက ဒီဘုရားကျောင်းကို ဆောက်လုပ် လှူဒါန်းထားတာပါ။ လွန်ခဲ့တဲ့ တပတ်တာ အတွင်း ရုရှားဟာ အိုဒက်စ်ဆာမြို့ အပါအဝင် ယူကရိန်းရဲ့ တခြားသော စားသောက်ကုန်တင်ပို့ရေး အဆောက်အုံတွေကို နေ့စဉ်နီးပါး တိုက်ခိုက်နေခဲ့ပါတယ်။ 

ဒါ့အပြင် ယူကရိန်းရဲ့ ကောက်ပဲသီးနှံ ပို့မှုအပေါ် ဘေးကင်းစေဖို့အတွက် ကုလသမဂ္ဂက ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ပင်လယ်ပြင်စင်္ကြံလမ်းဆိုင်ရာ သဘောတူညီမှုမှာလည်း ရုရှားက နုတ်ထွက်ခဲ့ပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024