DVB Logo
Home
အားကစား
ခရစ္စတယ်ပဲလေ့ကစားသမား ဇာဟာ တူရကီကလပ်အသင်းဆီ ပြောင်းရွှေ့
DVB
·
July 24, 2023
ခရစ္စတယ်ပဲလေ့ကစားသမား ဇာဟာ တူရကီကလပ်အသင်းဆီ ပြောင်းရွှေ့
Donate to DVB

ခရစ္စတယ်ပဲလေ့ကစားသမားဇာဟာ ဟာ တူရကီကလပ် ဂါလာတာစာရေးအသင်းဆီကို တရားဝင် ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

အသက် ၃၀  အရွယ်ရှိ  အိုင်ဗရီကို့စ်တောင်ပံတိုက်စစ်မှူးဟာ ပဲလေ့အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ တူရကီလိဂ်ဆီ ပြောင်းရွှေ့ခဲ့တာပါ။

ဂါလာတာစာရေးအသင်းမှာ တစ်နှစ်လုပ်ခပေါင် ၈ သန်းရရှိမှာဖြစ်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ မစောင့်နိုင်တော့ကြောင်း ဇာဟာက ဆိုရှယ်မီဒီယာကနေတဆင့်အသိပေးခဲ့ပါတယ်။

ပဲလေ့အသင်းဟာ ဇာဟာကို တပတ်လုပ်ခပေါင် နှစ်သိန်းအထိ တိုးမြှင့်ပေးပြီး သက်တမ်းတိုးဖို့ကမ်းလှမ်းခဲ့ပေမဲ့ ဇာဟာဘက်ကပယ်ချခဲ့တာပါ။

သူဟာ ၂၀၁၃ ခုနှစ်က မန်ယူအသင်းဆီပြောင်းရွှေ့ခဲ့ပေမဲ့  ၂၀၁၄ ခုနှစ်မှာ အငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး မနှစ်ကရာသီအထိ ကစားခဲ့တာပါ။

ပဲလေ့အသင်းအတွက် စုစုပေါင်း ပွဲ ၄၅၀ ကျော်ကစားခဲ့ပြီး သွင်းဂိုး ၉၀ ရရှိခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013