DVB Logo
Home
မြန်မာသတင်း
မြန်မာ့သတင်းလွတ်လပ်ခွင့်အပေါ် အမေရိကန်နှင့် ဗြိတိန် ဝေဖန်
DVB
·
July 18, 2014
မြန်မာ့သတင်းလွတ်လပ်ခွင့်အပေါ် အမေရိကန်နှင့် ဗြိတိန် ဝေဖန်
Donate to DVB

မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချ အရေးယူတာတွေ ရှိနေတာကြောင့် မီဒီယာလွတ်လပ်ခွင့်အပေါ်စိုးရိမ် ပူပန်မှုတွေရှိနေကြောင်း အမေရိကန်နဲ့ ဗြိတိန်က ပြောဆိုပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ပြုလုပ်ခဲ့တဲ့ ဗြိတိသျှ ကုန်သည်ကြီးများအသင်းရုံးဖွင့်ပွဲမှာ  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ်က သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ်မှာ စိုးရိမ်မှု ရှိကြောင်းပြောလိုက်တာပါ။

BRISHဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ်က “ကျနော်ပြောခဲ့ဖူးတာ တခု၊ ခင်ဗျားတို့လည်း ကြားမိခဲ့ကြမယ်ထင်ပါတယ်။ မီဒီယာလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီ ပြောင်းလဲမှုနဲ့ ဒီမိုကရေစီမှာ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံတွေအားလုံးကလည်း မီဒီယာ ဖြစ်ထွန်းတိုးတက်မှုတွေကို အဆက်မပြတ် စောင့်ကြည့်လေ့လာနေပါတယ်။ သူတို့ထဲက တော်တော်များများရော၊ ကျနော်ကိုယ်တိုင်ရော လတ်တလော မြန်မာနိုင်ငံထဲက မီဒီယာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြပါတယ်။ ဒီအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာမှုတွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့်အပေါ် ဖြေ လျှော့ပေးလာခဲ့ပေမယ့် ခု နောက်ပိုင်းမှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာတွေ နဲ့ အရေးယူတာတွေကို ဆက်တိုက်လုပ်လာတာလဲဖြစ်ပါတယ်။

ယူနတီသတင်းထောက်ငါးဦးကိုလည်း  ဇွန် လ ၁၀ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့သလို မွန်းတည့်နေဂျာနယ်က သတင်းထောက်တွေကို ဖမ်းဆီး တရားစွဲဆိုခဲ့ပါတယ်။

ဒီလိုမီဒီယာလွတ်လပ်ခွင့် ချိုးဖောက်တာကို ဆန့်ကျင်ကြောင်း သမ္မတ ဦးသိန်းစိန်နဲ့ အနုပညာရှင်တွေ တွေ့ကြတဲ့  MPC  ရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ သတင်းထောက် ၅၀ လောက်ကိုလည်း ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှုနဲ့ တရားစွဲဆိုလိုက်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်နော့စကီးကတော့ သတင်းသမား ၅ ယောက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ချတယ်ဆိုတာ အဏာရှင်ဆန်တဲ့အပြုအမူ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းသမားတွေ ဖမ်းဆီးတရားစွဲဆိုတာမျိုး ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် မြန်မာနဲ့ နိုင်ငံတကာဆက်ဆံရေးက အရင်ကလို ပြန်ဖြစ်သွားနိုင်ကြောင်း၊ သတင်းသမားတွေကို မတရားဖမ်းဆီးထောင်ချတာမျိုးမဟုတ်ဘဲ တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ တိုက်တွန်း ပြောဆိုပါတယ်လို့  အေပီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပါရှိပါတယ်။

သတင်းထောက်တွေကို ဖမ်ဆီးနေတာနဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ  ယာယီ ရဲ့ ပြောခွင့်ရ ဦးသီဟစောက “နိုင်ငံရေးအရတော့ မပြောချင်ပါဘူး။ press councilor မှာ အခုအပြောင်းအလဲနဲ့ ပတ်သက်လို့ မီဒီယာသမားတွေနဲ့လည်း ဆွေးနွေးတယ်။ ပြီးတော့ သမ္မတရုံးတို့ လွှတ်တော်တို့နဲ့လည်း ဆွေးနွေးဖို့ လုပ်မယ့်ကိစ္စတွေ ရှိတယ်။  ဒီဟာတွေက မီဒီယာတွေအနေနဲ့ ကြည့်မယ်ဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ မီဒီယာကလည်း လွတ်လပ်ခွင့် လက်နတ်သဖွယ်ရပြီ၊ ဒါပေမယ့် အဲဒါကို ပြန်ပြီးတော့ ဖိနှိပ်ချုပ်ချယ်မဲ့ သဘော သက်ရောက်မယ်ဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံရဲ့ပုံရိပ်က နိုင်ငံတကာမှာလည်း ကောင်းမှာ မဟုတ်ဘူး။”

မီဒီယာဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်ပေမယ့် နည်းဥပဒေကတော့ ထွက်လာခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013