DVB Logo
Home
နိုင်ငံတကာ
ကနေဒါ၌ နှစ် ၄၀ ကျော်အတွင်း မိုးအသည်းထန်ဆုံးရွာ
DVB
·
July 23, 2023
ကနေဒါ၌ နှစ် ၄၀ ကျော်အတွင်း မိုးအသည်းထန်ဆုံးရွာ
Donate to DVB

ကနေဒါနိုင်ငံမှာ နှစ်ပေါင်း ၄၀ ကျော်အတွင်း အဆိုးရွားဆုံး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင် ၂၂ ရက်က အတ္တလန္တိတ်ဒေသရဲ့ နိုဗာ စကိုရှာ ပြည်နယ်မှာ လမ်းတွေ၊ တံတားတွေနဲ့ အဆောက်အအုံတွေ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ 

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်တယ်လို့ သုံးနှုန်းခဲ့ ပြီး ဒီကိစ္စအပေါ် ကိုင်တွယ်ဖြေရှင်းရာမှာ အကူအညီပေးအပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ 

ဒီဖြစ်ရပ်အတွင်း ကလေး ၂ ယောက်အပါအဝင် လူ ၄ ယောက်အထိ ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ကနေဒါနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစိုးရဌာနကတော့ ဒီပြည်နယ်ရဲ့ရှေ့ပိုင်းမှာ လာမယ့်တနင်္ဂနွေနေ့အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာ စတင်ခဲ့တဲ့ မုန်တိုင်းကျရောက်မှုအတွင်း ကနေဒါအရှေ့ပိုင်းရှိ နိုဗာ ပြည်နယ်ရဲ့ အစိတ်အပိုင်းတွေမှာ မိုးရေချိန် ၁၀ လက်မအထိ မြင့်တင်ခဲ့တာဖြစ်ပါတယ်။ 

ဒီမိုးရေချိန်ဟာ ပုံမှန်ရွာသွန်းလေ့ရှိတဲ့ သုံးလစာပမာဏ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် နိုဗာပြည်နယ်ရဲ့ မြို့တော် ဟာလီဖက်စ်နဲ့ အခြားဒေသ ၄ ခုမှာ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့အပြင် ဒေသခံတွေကိုပါ အိမ်ထဲမှာပဲနေကြဖို့အတွက် အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013