DVB Logo
Home
Lead Story
ဩစတြေးလျဆိပ်ကမ်းတွင် အမေရိကန်စစ်သင်္ဘောတပ်ချ
DVB
·
July 23, 2023
ဩစတြေးလျဆိပ်ကမ်းတွင် အမေရိကန်စစ်သင်္ဘောတပ်ချ
1 / 3
Donate to DVB

တရုတ်နိုင်ငံရဲ့ ဒေသတွင်းလက်တံချဲ့ထွင်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ ဩစတြေးလျ မဟာမိတ် နှစ်နိုင်ငံဟာ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်လိုက်ပါတယ်။

အမေရိကန်စစ်သင်္ဘောဟာ နိုင်ငံခြားဆိပ်ကမ်းတခုမှာ ပထမဆုံးအကြိမ်တပ်ချတာဖြစ်ပြီး ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ USS ကင်ဘာရာ စစ်သင်္ဘောတပ်ချဖို့ ဇူလိုင် ၂၂ ရက်က တာဝန်ပေးအပ်ခဲ့ပါတယ်။

၁၉၄၂ ခုနှစ်မှာ ဆော်လ်မွန်ကျွန်းစုက ဂွါဒယ်ကန်နယ်ကျွန်းပေါ်ကို အမေရိကန်မရိန်းတပ်တွေ ဆင်းသက်ဖို့ ကူညီဆောင်ရွက်ပေးနေရင်း နစ်မြုပ်ခဲ့တဲ့ တော်ဝင်သြစတြေးလျရေတပ်က နစ်မြုပ် သွားတဲ့ လွတ်လပ်ရေးအတန်းအစား တိုက်ခိုက်ရေးသင်္ဘောရဲ့ နာမည်အတိုင်း ပေးထားတဲ့ စစ်သင်္ဘောကို ဆစ်ဒနီဆိပ်ကမ်းမှာရှိတဲ့ ဩစတြေးလျရေတပ်အခြေစိုက်စခန်းမှာ အခမ်းအနား တခုအတွင်း တာဝန် ပေးအပ်ခဲ့တာပါ။

ပြီးတော့ ဒီသင်္ဘောဟာ အမေရိကန်ရေတပ် စစ်သင်္ဘောအုပ်စုကို တရားဝင်ပူးပေါင်းခဲ့ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်က အင်အားပိုတိုးလာလို့ အင်အားနဲ့စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ အမေရိကန်နဲ့ သြစတြေးလျကြား ၂ နှစ်ကြာ Talisman Saber စစ်ရေးလေ့ကျင့် နေဆဲမှာ ဒီအခမ်းအနားကို ကျင်းပခဲ့တာပါ။ 

ဩစတြေးလျ နိုင်ငံတဝှမ်း နေရာတော်တော်များများမှာ နှစ်ပတ်ကျော်ကြာ ဆင်နွှဲခဲ့တဲ့ ဒီစစ်ရေး လေ့ကျင့်မှုမှာ မြေပြင်နဲ့လေကြောင်း တိုက်ခိုက်ရေးအပြင် ကုန်းရေနှစ်သွယ်သွားနိုင်တဲ့ သင်္ဘောတွေ ကမ်းတက်တာတွေကိုပါ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။  

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013