DVB Logo
Home
မြန်မာသတင်း
ပေါင်နှင့် လောင်းလုံးတွင် နယ်ထိန်းရဲနှင့် ဒုဦးစီးတဦး ပစ်သတ်ခံရ
DVB
·
July 23, 2023
ပေါင်နှင့် လောင်းလုံးတွင် နယ်ထိန်းရဲနှင့် ဒုဦးစီးတဦး ပစ်သတ်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ နယ်ထိန်းရဲတယောက် ပစ်သတ်ခံရပြီး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာလည်း လမ်းကြေးကောက်ခံနေတဲ့ စိုက်ပျိုးရေးဦးစီးဌာန ဒု ဦးစီးမှူး ပစ်သတ်ခံခဲ့ရပါတယ်။

ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ၊ ကားလမ်းမဘေးက စားသောက်ဆိုင်မှာ ဇူလိုင် ၂၂ ရက် ညပိုင်းက နယ်ထိန်းရဲတပ်ဖွဲ့ဝင်တယောက်ဟာ သူ့မိတ်ဆွေနဲ့ထိုင်နေတုန်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲတပ်သား ဖြိုးဇော်အောင်ဟာ  ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို လုပ်ငန်းတာဝန်အရလာရောက်ခဲ့ပြီး ဇင်းကျိုက်နယ်မြေ ရဲစခန်းကို အပြန်မှာ သူ့မိတ်ဆွေ ဦးစည်သူအောင်နဲ့ စားသောက်ဆိုင်မှာရှိနေတုန်း သေနတ်သမားလက်ချက်ကြောင့် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

သေနတ်နဲ့ ၁၀ ချက်လောက်အပစ်ခံခဲ့ရတာဖြစ်ပြီး ဘယ်အဖွဲ့စည်းက ဆိုတာကိုတော့ မသိရသေးပါဘူး။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာလည်း စစ်ကောင်စီတပ်သား၊ ပျူစောထီးတွေ နဲ့အတူ လမ်းတံတားတို့မှာ ခရီးသွားတွေကို စစ်ဆေးပြီး ဂိတ်ကြေးတောင်းနေတဲ့ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒု ဦးစီးမှူး ဦးသိန်းဦးကိုလည်း  ဇူလိုင် ၂၁ ရက် ညပိုင်းက လောင်းလုံးမြို့နယ် အောက်ပိုင်းလမ်းတနေရာမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Launglone People Defence Force - LLPDF) က ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က "ရှင်းလင်းရခြင်းက စစ်ခွေးတွေနဲ့ပေါင်းပြီး ပြည်သူတွေအပေါ် ဆက်ကြေးကောက်ခံ စစ်ဆေးမှုတွေ  မရပ်မနားပဲလုပ်နေလို့ ရှင်းရတာပါ။ ဒီကောင်က အရင်တုန်းက နာမည်ရှိတဲ့ ပျူတွေနဲ့အတူတူ သွားလာနေထိုင်ခဲ့တာ။ အဲပျူတွေကိုလည်း ရှင်းလိုက်ပြီး  သူလည်း ပျောက်သွားတယ်။ တခါတရံ ထားဝယ်-ရန်ကုန် ကားလမ်း မလွှဲတောင် စစ်ဆေးရေးဂိတ်တွေမှာ စခနဲ့အတူ ဂိတ်စစ်နေတာတွေရှိတယ်။ တခါတရံ လောင်းလုံးကိုရောက်လာပြီး လမ်းဆုံတွေမှာ စစ်တာတွေလည်းရှိတယ်၊ အိမ်ကိုတော့ မပြန်လာဘူး။ သူ့ကိုချောင်းနေတာ ကြာပြီ။ ပြီးခဲ့တဲ့ ၁၀ ရက်လောက်က လောင်းလုံးမြို့၊ ညောင်ပင်လမ်းဆုံမှာ စခ၊ ပျူနဲ့ အတူတူ စစ်ဆေးနေတာ သိထားရတယ်၊ အခု မနေ့က အိမ်ရောက်နေတယ် သိရတာနဲ့  သွားရောက် ရှင်းခဲ့တာ" လို့ ပြောပါတယ်။

သူ့ကို လုပ်ရပ်တွေ ရပ်တန့်ဖို့ သတိပေးခဲ့ပေမယ့် မရပ်တာကြောင့် အခုလို ရှင်းလင်းတာလို့လည်း ဆိုပြီး စစ်တပ်နဲ့ ပေါင်းဖက်လုပ်ကိုင်နေသူတွေအနေနဲ့ သူတို့လုပ်ရပ်တွေကိုရပ်တန့်ဖို့တောင်းဆိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013