DVB Logo
Home
Lead Story
လစာကိစ္စ ဆွေးနွေးနေသည့် ပြည်သူ့လွှတ်တော်ကို သမ္မတ သတိပေး
DVB
·
July 18, 2014
လစာကိစ္စ ဆွေးနွေးနေသည့် ပြည်သူ့လွှတ်တော်ကို သမ္မတ သတိပေး
Donate to DVB

[caption id="attachment_39191" align="alignright" width="300"]ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်) ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)[/caption]

ပြည်သူ့လွှတ်တော်အမတ်တွေအနေနဲ့ မိမိတို့ လွှတ်တော်အမတ်တွေရဲ့ လစာ ဘယ်လောက် ရသင့်သလဲ ဆွေးနွေးနေကြပြီး ဒီ ဆွေးနွေးမှုထဲ အစိုးရအဖွဲ့ ပါဝင်ဖို့ အကြောင်းကြားတာကို သမ္မတက သ၀ဏ်လွှာပို့ပြီး သတိပေးလိုက်ပါတယ်။

ဇူလိုင် ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဖတ်ကြားခဲ့တဲ့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၃ မှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနဲ့ အကြီးအမှူးတွေရဲ့ လစာနဲ့ အဖွဲ့ဝင်တွေရဲ့ လစာ အသုံးစရိတ်နဲ့ ပတ်သက်ရင် သမ္မတက တာဝန်ပေးတဲ့သူကသာ ဥပဒေကြမ်း တင်သွင်းနိုင်တယ် လို့ ဖော်ပြထားပါတယ်။

အဲဒီလို တင်သွင်းလာရင်လည်း လွှတ်တော်အမတ်တွေအနေနဲ့ ဆွေးနွေးရုံ ဆွေးနွေးနိုင်ပြီး ငြင်းပယ်တာနဲ့ လျော့ပြီး ခွင့်ပြုတာမျိုး မလုပ်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။

လက်ရှိ အမတ်တွေအနေနဲ့ သူတို့ လစာကိစ္စ သူတို့ဘာသာ သူတို့ ဥပဒေကြမ်းတင် ဆွေးနွေးနေကြတာဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ သမ္မတ က သတိပေးလိုက်တာ ဖြစ်ပြီး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ ဥပဒေအတိုင်း အကောင်အထည် ဖော်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013