DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့အဝင်စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ၅ ဦးသေဆုံး
DVB
·
July 22, 2023
ဖားကန့်မြို့အဝင်စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ၅ ဦးသေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင်မှာရှိတဲ့ စစ်ကောင်စီရဲ့ ပန်းတင်တံတားစခန်းကို ဇူလိုင် ၂၁ မနက်ပိုင်းက KIA /KPDF ပူးပါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်သားတွေနဲ့ အရပ်သားပြည်သူတွေလည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် KPDF တို့က စစ်ကောင်စီတပ်စခန်းဂိတ်ကို  အလစ်အငိုက် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့လို့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က အရာရှိတယောက်အပါအဝင် ၅ ယောက် သေဆုံးသလို KPDF ဘက်ကလည်း ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"နမ္မဖြစ်ကျေးရွာ ပန်းတင်တံတားစခန်းဂိတ်ကို မနက်အစောကြီး ၁ နာရီလောက်က ဝင်တိုက်တာ။ လက်နက်ကြီးတွေနဲ့ စခန်းဂိတ်ထဲ အရင်လှမ်းပစ်တယ်။ စစ်တပ်ဘက်ကလည်း ပြန်ပစ်တယ်။ နှစ်ဖက်ပစ်ခတ်မှုက နာရီဝက်၊ ၄၅ မိနစ်လေါက်ကြာတယ်။ စစ်တပ်ဘက်ကသေတာဆိုရင်  အရာရှိတယောက်နဲ့ အားလုံးပေါင်း ၅ ယောက်လောက်သေတယ်။ KPDF ဘက်က တပ်သားတစ်ဦးသေတယ်" လို့ PDF နဲ့နီးစပ်သူ ဒေသခံတယောက်က ပြောပါတယ်။

ထိတွေ့တိုက်ပွဲ ဖြစ်နေတုန်း စစ်ကောင်စီတပ် တပ်မကုန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေရဲ့ နေအိမ် အဆောက်အအုံတွေအပေါ်ကျရောက်ပြီး အမျိုးသားတယောက်သေဆုံး၊ တယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

"တိုက်ပွဲဖြစ်နေတော့ စစ်တပ် တပ်မကုန်းဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ပန်းတင် တံတားဂိတ်နားမှာဆောက်ထားတဲ့ ရေသန့်စက်ရုံပေါ်လက်နက်ကြီးကျည်ကျပြီး  အမျိုးသားတယောက်သေဆုံးတယ်။ တယောက်က ဒဏ်ရာရသွားတယ်” လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

သေဆုံးသူဟာ ကိုချစ်ဆန်းအောင်ဆိုသူ ဖြစ်ပြီး ကိုကျော်မိုးဦးကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ်လို့ သိရပါတယ်။

ပန်းတင်တံတားဂိတ်ဟာ စစ်ကောင်စီစခန်းထိုင်ပြီး ပြည်သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတဲ့ဂိတ် ဖြစ်သလို အရပ်သားပြည်သူတွေကို မကြာခဏ ဖမ်းဆီးနေတဲ့ ဂိတ်တခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013