DVB Logo
Home
Lead Story
မင်းရဲကျော်စွာ ကားပွဲစားတန်း ရွှေ့ပြီ
DVB
·
July 18, 2014
မင်းရဲကျော်စွာ ကားပွဲစားတန်း ရွှေ့ပြီ
Donate to DVB

car broker မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကားဝယ်ရောင်း ဈေးကွက်ကြီးဖြစ်တဲ့ မင်းရဲကျော်စွာကားဝင်းက ကားတွေကို ဇူလိုင် ၁၇ ရက်နေ့ကစ လှိုင်မြို့နယ်က ကားဝင်းအသစ်ကို စပြီး ရွှေ့ပြောင်းနေပြီလို့ ၀ယ်ရောင်းနဲ့ ကားပွဲစားတွေက ပြောပြကြပါတယ်။

အရင်က မီးလောင်ပြီးနောက် နေထိုင်သူတွေကို ပြန်လည် နေရာချထားပေးခြင်း မပြုပဲ အစိုးရက သိမ်းထားတဲ့ ၉ ဧက လောက်ရှိတဲ့ မြေအပေါ်မှာ ကားဝယ်ရောင်း ဈေးကွက်လုပ်ဖို့ နေရာချထားတာ ဖြစ်ပါတယ်။

ကားအရောင်းအ၀ယ်ပြုလုပ်ရာ ကွင်းဆိုပေမယ့် မြေကွက်အလွတ်ပဲ ဖြစ်ပြီး တချို့နေရာမှာ ကျင်းချိုင့်တွေ၊ ဗွက်တွေနဲ့ ဖုံးလွှမ်းနေတယ်လို့ ဆိုပါတယ်။

လက်ရှိနေရာအသစ်မှာ ကားဝယ်ရောင်းလုပ်သူ အားလုံး နေရာ မရနိုင်တာကြောင့် ကားကြီးတွေ အရောင်းအ၀ယ်လုပ်နိုင်မယ့် ကွင်းတခု လှိုင်သာယာဘက်မှာ သတ်မှတ်ပေးဖို့ ရှိတယ်လို့ စည်ပင်တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013