DVB Logo
Home
Lead Story
သတင်းထောက်များ ဖမ်းဆီးထောင်ချခံရမှု သတင်းစာဆရာများ ဆုတောင်းပွဲပြုလုပ်
DVB
·
July 18, 2014
သတင်းထောက်များ ဖမ်းဆီးထောင်ချခံရမှု သတင်းစာဆရာများ ဆုတောင်းပွဲပြုလုပ်
Donate to DVB

သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံနေရမူအပေါ် ဧရာဝတီတိုင်းဒေသကြီးရှိ သတင်းစာဆရာတွေက ပုသိမ်မြို့ က ရွှေမုဌောဘုရားမှာ ဒီကနေ့ မနက်ပိုင်း ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။

ပုသိမ်၊ မြောင်းမြ၊ ကျုံပျော်၊ မြန်အောင်၊ ဟင်္သတက သတင်းစာဆရာ ၂၁ ဦးက မီဒီယာဖိနှိပ်မှုရပ်၊ အင်္ကျီတွေ ၀တ်ဆင်ပြီး ရွှေမုဌောဘုရားမှာ ဆုတောင်းပွဲပြုလုပ်ခဲ့ကြတာပါ။

ပုသိမ်မြို့ အခြေစိုက် သတင်းထောက် ကိုမျိုးမင်းပိုင်က ဒီမနက်ပြုလုပ်ခဲ့တဲ့ ဆုတောင်းပွဲ နဲ့ ပတ်သက်ပြီး ဒီဗွီဘီကို အခုလိုပြောပါတယ်။

“မီဒီယာဖိနှိပ်မှု ရပ်တန့်ဖို့ရယ်၊ အကျဉ်းကျခံသတင်းသမားတွေ အမြန်ဆုံး လွှတ်ပေးဖို့ အဲဒါတွေ ဆုတောင်းတယ်။ ဧရာဝတီတိုင်းဒေသကြီး သတင်းစာဆရာတွေအနေနဲ့ ဦးသိန်းစိန်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရကို ကျနော်တို့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။”

ဒီဆုတောင်းပွဲအပြီးမှာတော့ အချက် ၄ ချက်ပါတဲ့ ကြေညာချက်တစောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်မှာ သတင်းမီဒီယာဆိုတာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးစတဲ့ မဏ္ဍိုင်ကြီး (၃) ရပ်ကို  အများပြည်သူအကျိုးစီးပွားအတွက် အကောင်းအဆိုး ထောက်ပြဝေဖန်ရတာဖြစ်ပြီး ယူနတီဂျာနယ်က ရေးသားဖော်ပြခဲ့တဲ့ လျှို့ဝှက်ဓာတုလက်နက်စက်ရုံဟူသော သတင်းဆောင်းပါးနှင့် ပတ်သက်ပြီဒ သတင်းသမား ၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့တာဟာ အလွန်တရာ ကြီးလေးပြင်းထန် ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ကြားဖြတ်အစိုးရသတင်း ဖော်ပြခဲ့တဲ့ မွန်းတည့်နေဂျာနယ်က သတင်းသမား တွေကို ပုဒ်မ ၅ (ည) တွေနဲ့ တရားစွဲဆို အရေးယူထားတာဟာ အစိုးရအနေနဲ့ သတင်းမီဒီယာကို ဖိနှိပ်လိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဧရာဝတီတိုင်းဒေသကြီးရှိ သတင်းစာဆရာတွေက ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ ယူနတီဂျာနယ်က သတင်းသမားတွေ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ မွန်းတည့်နေဂျာနယ်က သတင်းသမားတွေကို တရားစွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းပေးရေး၊ အစိုးရအနေနဲ့ သတင်းမီဒီယာသမားတွေကို တရားစွဲ၊ ဖမ်းဆီး၊ အပြစ်ပေးတာတွေ ရပ်တန့်ပေးရေးနဲ့ သတင်းမီဒီယာဌာနတွေကို ထိတွေ့ဆက်ဆံမယ်ဆိုရင် သတင်းသမားတွေကို ကိုယ်စားပြုတဲ့ စာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်းတွေကနေတဆင့် တွေ့ဆုံရေးတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013