DVB Logo
Home
မြန်မာသတင်း
နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ငွေကြေး ၄ မျိုးဖြင့် ကနဦး စတင်လည်ပတ်မည်
DVB
·
July 20, 2023
နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ငွေကြေး ၄ မျိုးဖြင့် ကနဦး စတင်လည်ပတ်မည်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလဗဟိုဘဏ် လမ်းညွှန်ပူးပေါင်းဆောင်ရွက်မှုနဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank –SDB) ကို ဇူလိုင် ၂၂ ရက်က စတင်ပြီး ပြည်သူလူထုထံ မိတ်ဆက်မှာဖြစ်ပါတယ်။

အဆိုပါ နွေဦးဖွံ့ဖြိုးရေးဘဏ် –SDB ကို ကနဦးအနေနဲ့ ငွေကြေး ၄ မျိုးနဲ့ လည်ပတ်သွားမယ့်အကြောင်းကို ဇူလိုင် ၂၀ ရက် ဒီနေ့ ပြုလုပ်ခဲ့တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank –SDB) အကြိုမိတ်ဆက်တဲ့ သတင်းစာ ရှင်းလင်းပွဲကနေ သိရပါတယ်၊

SDB ရဲ့ စီမံခန့်ခွဲမှု အလုပ်အမှုဆောင်အရာရှိ ဦးကယ်ဗင်က“ကျနော်တို့ official UAT launch ကို ကမ္ဘာအနှံ့မှာ ရှိထားပြီးသား relationship manager အယောက် ၁၀၀ နဲ့ စပါမယ်။ ပြီးတော့ တကယ့် လူမှုပတ်ဝန်းကျင်မှာ အသုံးပြုပေးမယ့် အကောင့်ပိုင်ရှင် ၁၀၀၀ ကိုလည်း ကျနော်တို့ လက်တွဲပြီးတော့ သူတို့နဲ့ စပြီးတော့ အသုံးပြုသွားပါမယ်။ ဩဂုတ်လကုန်ကျရင်တော့ တကယ်ကို အဆင်သင့် ဖြစ်မယ်လို့ ကျနော်ဘက်ကလည်း ရည်မှန်းထားပါတယ်။ ပထမဆုံးအနေနဲ့ ကျနော်တို့ အကောင့်စပြီဆိုတာနဲ့ ငွေကြေး လေးမျိုးနဲ့စမှာဖြစ်ပါတယ်။ မြန်မာကျပ်၊ USD ၊ စင်ကာပူဒေါ်လာနဲ့ ထိုင်းဘတ် ဆိုပြီး လာပါမယ်။ နောက်ပြီးတော့ ကိုယ့်ဘာသာကိုယ် ငွေကြေး လဲလှယ်တာတွေ၊ ငွေလွှဲလုပ်ဆောင်တာတွေကိုအလွယ်တကူ လုပ်သွားနိုင်မှာဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဆိုပါ SDB တည်ထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ NUG ရဲ့ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနဝန်ကြီး၊ ကြားကာလဗဟိုဘဏ်ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင်က “ရည်ရွယ်ချက်ကတော့ နှစ်ခုရှိပါတယ်။ ပထမအနေနဲ့ ဒီနွေဦးဖွံ့ဖြိုးရေးဘဏ်ကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေက ကျနော်တို့ တော်လှန်ရေးကို ထောက်ပံ့နိုင်မယ်။ တော်လှန်ရေးမှာ သုံးစွဲနိုင်မယ်၊ နောက်တခုကတော့ ရန်သူရဲ့ လက်အောက်ခံ banking ယန္တရားကနေ ပြည်သူကို ခေါင်းပုံဖြတ်နေတာ။ ငွေရေးကြေးရေးဆိုင်ရာ လုံခြုံမှုတွေကို ချိုးဖောက်နေတဲ့ကိစ္စရပ်တွေကနေ ကာကွယ်ပေးမယ်၊ ပြည်သူကိုယ်တိုင်ကိုလည်း ကျနော်တို့ဘက်ကနေ လုံခြုံတဲ့ ဘဏ်ယန္တရားတစ်ခုကို ထူထောင်ပေးထားမယ်ဆိုရင် အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံတွေကနေ ‌သူ့ဆီကအမှီအခိုကင်းတဲ့ ငွေရေးကြေးရေး ယန္တရားတစ်ခုကို ထူထောင်နိုင်မှာပဲဖြစ်ပါတယ်” လို့ ပြောပါတယ်၊

SDB က ဒီဂျစ်တယ် ‌ခေတ်သစ်ဘဏ်စနစ်တခုဖြစ်ပြီး အဆင့်အမြင်ဆုံးလုံခြုံရေးနည်းပညာနဲ့ တည်ဆောက်ထားတဲ့ beta web application စနစ်တခုဖြစ်ပါတယ်။

SDB ဘဏ်အကောင့် ဖွင့်ထားပြီး relationship manager ရှိတဲ့ ဘယ်နိုင်ငံကမဆို အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါဘဏ်ကို နွေဦးတော်လှန်ရေးကာလ ပြီးဆုံးသွားတဲ့ ပြန်လည်ထူထောင်ရေးအချိန်ကာလတွေအထိ ဆက်လုပ်အသုံးပြုနိုင်အောင် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank –SDB)ကနေ ငွေသွင်း ငွေထုတ်လုပ်ငန်းစဉ်တွေအပြင် နိုင်ငံတကာဘဏ်နဲ့ ချိတ်ဆက်တာမျိုး၊ NUGနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ product တွေကို ရောင်းချပေးတာမျိုး၊ ငွေစုစာချုပ်နဲ့ ကုန်ပစ္စည်းတွေ လဲလှယ်တာမျိုးအထိကို လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013