DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ ထွန်တုံးတိုက်ပွဲဝင် တောင်သူများကို ထောင်ချ
DVB
·
July 17, 2014
ကန့်ဘလူ ထွန်တုံးတိုက်ပွဲဝင် တောင်သူများကို ထောင်ချ
Donate to DVB

ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းကျေးရွာက တောင်သူ ၁၈ ဦးကို ဒီနေ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

[caption id="attachment_60340" align="alignright" width="300"]ကန့်ဘလူ လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ် ကန့်ဘလူ လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ်[/caption]စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာက တပ်သိမ်းမြေတွေ ပြန်ရရေးအတွက် ထွန်တုံးတိုက်ပွဲလုပ်ခဲ့တဲ့ တောင်သူ ၄၀၀ ကျော်ကို တရားစွဲဆိုထားတာမှာ ၁၈ ဦးကို ဒီနေ့ ထောင်ဒဏ် ချမှတ်လိုက်တာလို့ အထက် မြန်မာပြည် တောင်သူလယ်သမား အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးရေး အဖွဲ့က ဦးကိုကြီးက ပြောပါတယ်။

“ဒီနေ့ ၁၈ ယောက် တမှုကို ၄၄၇ နဲ့ တမှုကို ၃ လ။ တမှု ၃ လဆိုတော့ ၁၂ မှုရှိတဲ့ သူပါတယ်။ ၁၂ မှု ရှိတဲ့သူက ၃ နှစ် ၆ လပေါ့။ ဖြစ်တဲ့ ပုံစံက ၄၄၇ ပုဒ်မ တခုတည်းကို သီးစားသမားတွေကလည်း တိုင်၊ ဟိုကလည်းတိုင်၊ ဒီကလည်း တိုင်ဆိုတော့ ပုဒ်မ အမှု ၂၀ အထိတောင် ပါနေတဲ့သူ ရှိတယ်။ တပ်တဲ့ ပုဒ်မတွေကို ဖြေရှင်းချက်မပေးနိုင်လောက်အောင် ချလိုက်တဲ့ ပုဒ်မ၊ ထောင်ဒဏ်တွေက ဒါက လုံးဝ မမျှတတဲ့ ထောင်ဒဏ်တွေ ဖြစ်နေတယ်။ ဥပဒေအနေနဲ့ ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးရမှာပေါ့။”

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ထွန်တုံးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တောင်သူလယ်သမား အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးရေးအဖွဲ့ စစ်ကိုင်းတိုင်းတာဝန်ခံကိုပါ ထောင်ဒဏ် ၂ နှစ်ချလိုက်တာ ဖြစ်ပါတယ်။

ဒီနေ့မှာ ကန့်ဘလူ မြေမွန်ရွာက ထွန်တုံးတိုက်ပွဲပြုလုပ်သူ တောင်သူတွေထဲက ၉ ဦးကို မြေမွန်ရဲစခန်းက ဆင့်ခေါ်ထားတယ်လို့ ဒေသခံ ဒေါ်ခင်ဌေးမြင့်က ပြောပါတယ်။

“ကျမတို့ကို ကနေလည်း မြေမွန် ရဲစခန်းကနေပြီးတော့ ကျမတို့ကို ခေါင်းဆောင်ပါဆိုပြီးတော့ ၅ ယောက်နဲ့အတူ ကျန်တဲ့ ဘာမှ မသက်ဆိုင်တဲ့ သူတွေကိုလည်း ရဲတွေက လာခေါ်တယ်။ ဒီနေ့ခေါ်တဲ့ အကြောင်းအရင်းက ဘာလို့လဲ၊ ဘာကိစ္စလဲလို့ မေးတော့ စခန်းရောက်မှ ပြောပြမယ်လို့ ပြောတယ်။ ကျမကတော့ မသွားရသေးဘူး။”

ဒီအထဲက တချို့ဆိုရင် တရားရင်ဆိုင်နေရဆဲဖြစ်တယ်လို့လည်း ဒေါ်ခင်ဌေးမြင့်က ပြောပါတယ်။

အကြောင်းစုံသိရဖို့ မြေမွန်ရဲစခန်းမှူးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖြေကြားတာမရှိခဲ့ပါဘူး။

အခင်းဖြစ်နေတဲ့ မြေတွေကို ၁၉၉၁ ခုနှစ်မှာ စစ်တပ်ကသိမ်းယူခဲ့ပြီး လက်ရှိမှာ တပ်မ ၃၃၊ ခမရတပ် ၁၆ နဲ့ ၁၃ က သီးစားတွေကို ထပ်ငှားထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013