DVB Logo
Home
မြန်မာသတင်း
သနပ်ပင်မြို့တွင် စက်လှေတိမ်းမှောက်ပြီး ၄ ဦး သေဆုံး
DVB
·
July 20, 2023
သနပ်ပင်မြို့တွင် စက်လှေတိမ်းမှောက်ပြီး ၄ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ ကျွဲဖြူချောင်းကျေးရွာရှိ ချောင်းထဲမှာ ဇူလိုင် ၁၉ ရက်၊ နေ့လယ် ၁ နာရီလောက်က စက်လှေတိမ်းမှောက်ပြီး လူ ၄ ဦး ရေနစ်သေဆုံးသွားတယ်လို့ ပဲခူးမြို့ခံ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

အဆိုပါ စက်လှေပေါ်မှာ စက်လှေမောင်းသူအပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၁ ဦး လိုက်ပါလာကြပြီး ကျွဲဖြူချောင်းရွာရှိ ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ကန်းကပ်တဲ့အလှူက ပြန်လာတာလို့ သိရပါတယ်။

ပဲခူးမြို့ခံကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတဦးက “ဝါဆိုသင်္ကန်းကပ်ပြီး ပြန်လာတဲ့လမ်းမှာ ဖြစ်သွားကြတာ၊ သူတို့က ရန်ကုန်က။ ကျွဲဖြူချောင်းသွယ်ထဲမှာ မှောက်ပြီး အမျိုးသမီး ၄ ဦး သေဆုံးပါတယ်။ ရုပ်အလောင်းတွေကို ပဲခူးမြို့က ၂ သင်း၊ သနပ်ပင် ၁ သင်း ကားတွေနဲ့ ကျီစုသုသာန်ကို လိုက်ပို့ထားပါတယ် ” လို့ ဆိုပါတယ်။

သေဆုံးသူ ၄ ဦးစလုံးဟာ ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်နေထိုင်သူ အမျိုးသမီး ၄ ဦးဖြစ်ပြီး အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၂၀ ကျော်အမျိုးသမီး ၂ ဦးနဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦးတို့ ပါဝင်ပါတယ်။

ရုပ်အလောင်းတွေကို သနပ်ပင်ဆေးရုံကြီးကနေ ရန်ကုန်၊ တောင်ဒဂုံမြို့နယ်ရှိ ကျီစုသုသာန်ကို ကလျာဏမိတ္တလူမူကူညီရေးအသင်း၊ သာမဏေကျော်လူမူကူညီရေးအသင်း၊ သနပ္ပင်စေတနာရှင် လူမှုကူညီရေးအသင်း ကားတွေနဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ(သာမဏေကျော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013