DVB Logo
Home
မြန်မာသတင်း
မကွေး အန်အယ်ဒီ ဥက္ကဋ္ဌနှင့် ၈၈ ပွင့်လင်း အဖွဲ့ဝင်များ တရားစွဲဆိုခံရ
DVB
·
July 17, 2014
မကွေး အန်အယ်ဒီ ဥက္ကဋ္ဌနှင့် ၈၈ ပွင့်လင်း အဖွဲ့ဝင်များ တရားစွဲဆိုခံရ
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲလုပ်ဆောင် ရာမှာ ဦးဆောင်ခဲ့ကြတဲ့ မကွေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးမိုးနဲ့ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမောင်မောင်စိုးတို့ကို ရဲတပ်ဖွဲ့က အသံချဲ့စက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။

nld_flag_by_spidyweb-d4wo1lxမကွေးမြို့နယ် အမျိုးသားဒီမိုကရေီစအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးမိုးနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမောင်မောင်စိုးတို့ကို မကွေးမြို့က ရဲစခန်းက ဒုရဲမှူး ထွေးကိုက တရားလိုလုပ် တရားစွဲဆို ထားတာဖြစ်ပါတယ်။

ဇွန်လ ၉ ရက်နေ့တုန်းက မကွေးမြို့နယ်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတုန်း ကျင်းပတုန်းက အသံချဲ့စက်သုံးစွဲတဲ့အပေါ် တရားစွဲဆိုတာလို့ တရားစွဲဆိုခံရသူ ဦးစိုးမိုးက ပြောပါတယ်။ ဒီကနေ့ သူတို့ရဲ့ ၃ ကြိမ်မြောက်ရုံးချိန်းမှာ တရားလိုရဲ့ထွက်ဆိုချက်ဟာ လွဲနေ တယ်လို့ ဦးစိုးမိုးက ပြောပါတယ်။
“ဒီနေ့ ရုံးချိန်းမှာ တရားလိုလည်း လာပါတယ်။ တရားလို ကျနော့်ကို တရားစွဲတဲ့ ရက်ကို ပြောခဲ့ပေမယ့် ဒီနေ့ ကျနော်မေးလိုက်တဲ့ အခါမှာကျတော့ ကျနော့်ကို တရားစွဲတဲ့ရက်နဲ့ သူဖြေတဲ့ရက်နဲ့က တလွှဲစီ ဖြစ်နေတာပေါ့။ ကျနော်ပါဝင်ပတ်သက်တယ်ဆိုတာ တိတိကျကျ မသိတာပေါ့။ အခြားသူရဲ့ ပြောဆိုချက်အရပဲ သိပါတယ်လို့ သူက ပြောဆိုထားတာကိုး။ နောက်တခုက ပြည်သူက တိုင်ကြားလို့ တရားစွဲဆိုတာလားဆိုတော့လည်း မဟုတ်ပါဘူးလို့ သူက ပြောတယ်ဗျ။ ကျနော့်ကို တရားစွဲတာ တိတိကျကျ တိုင်ကြားတဲ့သူ မရှိဘူး။ ကျနော်ထင်တာ ကတော့ အထက်ရဲ့ ဖိအားကြောင့်ပဲလို့ ကျနော်ယူဆတယ်။”

အလားတူ လွန်ခဲ့တဲ့သီတင်းပတ်အတွင်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအတွင်းရေးမှူး ဦးနေမျိုးကျော်ကို အသံချဲ့စက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုလို့ တရားရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် လူထုဟောပြောပွဲကျင်းပတဲ့နေရာနဲ့ ပတ်သက်လို့ မကွေးတိုင်းသာသနာရေး ဦးစီးမှူး ညွန်ကြားရေးမှူး ဦးသောင်းကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအတွင်းရေးမှူး ဦးနေမျိုးကျော်ကို ပိုက်နက်ကျူးလွန်မှုနဲ့ တရားလိုလုပ် အမှုဖွင့်ထားလို့ ရဲက စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013