DVB Logo
Home
မြန်မာသတင်း
ဗြိတိသျှကုန်သည်ကြီးများအသင်းရုံး ဖွင့်လှစ်
DVB
·
July 17, 2014
ဗြိတိသျှကုန်သည်ကြီးများအသင်းရုံး ဖွင့်လှစ်
Donate to DVB

မြန်မာနိုင်ငံမှာရှိတဲ့ ယူကေကုမ္ပဏီတွေနဲ့ ဗြိတိန်မှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီတွေ ချိတ်ဆက်လုပ်ကိုင်နိုင်ဖို့ ဗြိတိသျှကုန်သည်ကြီးများအသင်း စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ်စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပြီးအချိန်ကနေ စတင်ပြီးနောက် ဗြိတိသျှကုန်သည်ကြီးများအသင်းဟာ ဌာနေဥပဒေအရမှတ်ပုံတင်ထားပြီး ပထမဆုံး စတင်ဖွင့်လှစ်လိုက်တာပါ။

BRISHဗြိတိသျှ ကုန်သည်ကြီးများအသင်းရုံးကို ဇူလိုင်လ ၁၆ ရက်နေ့က ရန်ကုန်မှာ စတင်ဖွင့်လှစ် လိုက်တာဖြစ်ပြီး လုပ်ငန်းကိစ္စရပ်တွေကို တော့ ပန်းပဲတန်းမြို့နယ် ကုန်သည်လမ်းနဲ့ ၃၁ လမ်းထောင့်က အမှတ် ၆၀၈ ဟင်္သာလုပ်ငန်းဗဟိုဌာနမှာ စတင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

ဒီအသင်းကနေ မြန်မာနိုင်ငံအတွင်းက လုပ်ငန်းရှင်တွေ အတွက် အရောင်းမြှင့်တင်ပေးတာတွေ ပံ့ပိုးပေးတာတွေအပါအ၀င် ဈေးကွက်အတွင်း အသစ်ဝင်ရောက်လာသူတွေ သာမက ရှိနှင့်ပြီးသား လုပ်ငန်းအသိုင်းအ၀ိုင်း အတွက်အခွင့်အလမ်း တွေကိုလည်း ရှာဖွေပေးသွားမှာပါ။

ဖွင့်ပွဲကိုတက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး အင်ဒရူး ပက်ထရစ်ကတော့ “မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ပံ့ပိုးတဲ့အနေနဲ့ ဗြိတိသျှလုပ်ငန်းတွေဟာ အလုပ်အကိုင်နေရာဖန်တီးပေးတာ၊ ကျွမ်းကျင်မှုအဆင့်တွေကို မြှင့်တင်ပေးတာတွေစတဲ့ အဓိကကျတဲ့ ကဏ္ဍတွေမှာ ပါဝင်လာနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

ဗြိတိသျှကုန်သည်ကြီးများအသင်းဟာ မြန်မာနိုင်ငံကုန်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနဲ့ လက်တွဲကာ ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

အခုတည်ထောင်လိုက်တဲ့ ဗြိတိသျှကုန်သည်ကြီးများအသင်းမှာ အဖွဲ့ဝင်ပေါင်း ၈၆ခု ပါဝင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဗြိတိန်ကုမ္ပဏီပေါင်း ၄၀ လောက် အဖွဲ့ဝင်ထားပြီး နာမည်ကျော် Shell, BG Group စတဲ့ ရေနံကုမ္ပဏီတွေ ဂျာဂွါလင့်ရိုဗာမော်တော်ကားကုမ္ပဏီစတဲ့ ကုမ္ပဏီကြီးတွေလုပ်ကိုင်နေပါတယ်။

မြန်မာနိုင်ငံ ဗြိတိသျှကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ အန်တိုနီ ပိုင်ကွန် ပြောတာက “မြန်မာနိုင်ငံ မှာ စီးပွားရေးနဲ့ လူမှုရေးတွေတိုးတက်လာတာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ကုန်သည်ကြီးများ အသင်း တည်ထောင်ဖို့အတွက် အကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်။ အသင်းကြီးကနေပြီး မြန်မာနိုင်ငံမှာလုပ်ငန်းလည်ပတ်နေကြတဲ့ ကုမ္ပဏီတွေအတွက် ရည်ရွယ်ပါတယ်။ မြန်မာကုမ္ပဏီ တွေ အနေနဲ့လည်း အသင်းကြီးမှာပါဝင်ပြီးတော့ ကမ္ဘာ့အနှံ့အပြားက လုပ်ငန်းတွေရဲ့ လားရာလမ်းကြောင်းကို သိရှိဖို့အတွက် နိုင်ငံတကာလုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်မှုတွေ လုပ်ဖို့လည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံနဲ့ ဗြိတိသျှနိုင်ငံ နှစ်နိုင်ငံကုန်သွယ်မှု အနေအထားဟာ ၂၀၁၂ ခုနှစ်မှာ ဗြိတိသျှနိုင်ငံကနေ မြန်မာနိုင်ငံကို ကုန်တင်ပို့မှုတန်ဖိုးဟာ စတာလင်ပေါင် ၁၂ ဒသမ ၈ သန်း ရှိခဲ့ရာက ၂၀၁၃ ခုနှစ်မှာ စတာလင်ပေါင် ၄၄ သန်းအထိ ရှိလာတယ်လို့ ဗြိတိသျှသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013