DVB Logo
Home
နိုင်ငံတကာ
MFP ပါတီဥက္ကဋ္ဌ ဖိထားကို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ်ရွေးချယ်ခွင့် ထိုင်းလွှတ်တော် ပယ်ချ
DVB
·
July 19, 2023
MFP ပါတီဥက္ကဋ္ဌ ဖိထားကို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ်ရွေးချယ်ခွင့် ထိုင်းလွှတ်တော် ပယ်ချ
Donate to DVB

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဥက္ကဋ္ဌ ဖိထားဟာ လွှတ်တော်အမတ်အဖြစ်ကနေ ယာယီရပ်စဲခံရသလို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ရွေးချယ်ခွင့်လည်း  ထိုင်းလွှတ်တော်မှာ ဇူလိုင် ၁၉ ရက် ဒီကနေ့ မဲခွဲဆုံးဖြတ် ပယ်ချခံခဲ့ရပါတယ်။

ဖိထားဟာ လွှတ်တော်အမတ်အဖြစ်ကနေ ယာယီရပ်စဲခံရပေမဲ့ လွှတ်တော်ဥပဒေအရ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခွင့်ရှိတာပါ။ ဒါပေမဲ့ အထက်လွှတ်တော်အမတ်တွေနဲ့ အောက်လွှတ်တော် အမတ်တချို့က  ဖိထားဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က တကြိမ် အရွေးခံခဲ့ပြီးဖြစ်လို့ ပုဒ်မ ၄၁ အရ လွှတ်တော်က ယတိပြတ် ဆုံးဖြတ်ချက်ချထားပြီးရင် နောက်တကြိမ် ပြန်ရွေးခွင့်မရှိဘူးဆိုတဲ့ အချက်ကို ထောက်ပြကာ ကန့်ကွက်ခဲ့ကြပါတယ်။

၈ ပါတီညွန့်ပေါင်းအဖွဲ့ကတော့ ပုဒ်မ ၄၁ ထဲမှာ ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ခြင်းဆိုတဲ့ ခေါင်းစဉ် မပါဘူးကြောင်းနဲ့  လွှတ်တော်ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်နဲ့ အကြိမ်ကြိမ် ရွေးချယ်တင်မြှောက်ခွင့် ရှိတယ်ဆိုပြီး ပြန်လည်ချေပခဲ့ပါတယ်။

နောက်ဆုံးတော့ ဆန္ဒမဲပေးတဲ့စနစ်နဲ့ ဆုံးဖြတ်ရာမှာ မဲပေးခွင့်ရှိသူပေါင်း ၇၁၅ ဦးအနက် ပုဒ်မ ၄၁ ကို ထောက်ခံသူ ၃၀၄ ဦး၊ ကန့်ကွက်သူ ၃၁၂ ဦး၊ ကြားနေ ၈ ဦး၊ မဲပေးဖို့ မှတ်ပုံမတင်သူ ၁ ဦး ရှိပါတယ်။

ဒါကြောင့်  MFP ပါတီဥက္ကဋ္ဌ ဖိထားလိုမ့်ကျရွန်းရတ်ဟာ ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်ရဖို့ အလားအလာ အလှမ်းဝေးသွားပြီ ဖြစ်ပါတယ်။ ဖိထား ရွေးကောက်ခွင့်မရှိအောင် ထောက်ခံမဲပေးသူတွေမှာ စစ်တပ်က ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်နဲ့ စစ်အစိုးရဟောင်းဖြစ်ခဲ့တဲ့ ပါတီက အမတ်တွေ ဖြစ်ပါတယ်။

ဖိထားဟာ လွှတ်တော်ကနေ မထွက်ခွာခင် သူ့အနေနဲ့ အခြေခံဥပဒေတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပါကြောင်း၊ သူ့အမှုရဲ့ စီရင်ဆုံးဖြတ်ချက်ကိုလည်း စောင့်မျှော်နေကြောင်း၊၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ လုပ်ဖော်ကိုင်ဖက် လွှတ်တော်အမတ် အားလုံးကိုလည်း နှုတ်ဆက်တယ်၊ လွှတ်တော်ထဲ ရောက်ရှိနေသူတွေအနေနဲ့ ပြည်သူ့အကျိုး ထမ်းဆောင်ရင်း ပြည်သူ့နေရာကို ထိန်းသိမ်းကြဖို့ မှာကြားပါတယ်။

ထိုင်းနိုင်ငံဟာ မေလ ၁၄ ရက် ရွေးကောက်ပွဲနောက်ပိုင်း အရင်နဲ့မတူ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း၊ ပြည်သူတွေနဲ့အတူ ခရီးနှင်ခဲ့တာ လမ်းတဝက်ကိုရောက်ခဲ့ပြီ၊ ပန်းတိုင်ရောက်ဖို့ နောက်ခရီးတဝက်ပဲ ကျန်တယ်၊ ပြည်သူ့ဆန္ဒကို ဆက်လက်ထိန်းသိမ်းကြပါလို့လည်း မှာကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013