DVB Logo
Home
မြန်မာသတင်း
ပတ္တမြား စီခြယ်ထားသည့် အလောင်းမင်းတရားကြီး၏ ရွှေပေလွှာ ဗြိတိသျှပြတိုက်တွင် ပြသမည်
DVB
·
July 19, 2023
ပတ္တမြား စီခြယ်ထားသည့် အလောင်းမင်းတရားကြီး၏ ရွှေပေလွှာ ဗြိတိသျှပြတိုက်တွင် ပြသမည်
Donate to DVB

ပတ္တမြားနှစ်ဒါဇင်နဲ့ အလှဆင်ထားတဲ့ မြန်မာ့ရှေးဟောင်းအမွေအနှစ်  အလောင်းမင်းတရားကြီးရဲ့ ရွှေပေလွှာကို လေ့လာနိုင်ဖို့ လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်မှာကျင်းပမယ့် ပြပွဲမှာ ပြသဖို့ရှိနေတယ်လို့  Evening Standard ယူကေသတင်းမှာ ရေးသားဖော်ပြပါတယ်။

အလောင်းဘုရားဟာ ဒီရွှေပေလွှာကို  ၁၇၅၆ ခုနှစ်မှာ အင်္ဂလန်ဘုရင် ဒုတိယမြောက် ဂျော့ချ်ဘုရင်ထံ ပေးပို့ခဲ့တာဖြစ်ပြီး ဒီထူးခြားတဲ့ ရတနာကို အင်္ဂလိပ်ဘုရင်က လျစ်လျူရှုခဲ့တာကြောင့်သာ ကျန်ရစ်ခဲ့တာဖြစ်ပြီး သံတမန်ရေးရာ ဖြစ်စဉ်မှာ နှစ်ပေါင်းများစွာ မေ့ပျောက်ခံခဲ့ရပါတယ်။

ပြတိုက်ရဲ့ အရှေ့တောင်အာရှရေးရာ ပြတိုက်မှူး ဒေါက်တာ အလက်ဇန္ဒြားဂရင်းက ဒီ “အံ့သြဖွယ်” ရွှေပေလွှာကို  အဲ့ဒီအချိန်က မြန်မာအင်ပါယာရဲ့ မြင့်မြတ်တဲ့နေရာမှာ ရေးထားကြောင်း ပြောကြားခဲ့ပါတယ်။

“ရှင်ဘုရင်ရဲ့ စာအရမ်းရေးတယ်။ ဘုရင်တပါးကနေ တပါးကို သံတမန်ရေးအရ ပေးအပ်တာ ဖြစ်တယ်။ အလွန်ဝမ်းနည်းဖွယ်ကောင်းတာက ဒုတိယမြောက် ဂျော့ခ်ျဘုရင်က စာတစောင်ကို လျစ်လျူရှုကာ အကြောင်းမပြန်ဘဲ ဟန်နိုဗာမြို့က သူ့ရဲ့ ကိုယ်ပိုင်စာကြည့်တိုက်ကို ပေးပို့လိုက်တာက အလောင်းဘုရားကို လွန်စွာစော်ကားရာရောက်ပါတယ်”လို့ ဂရင်းက ပြောပါတယ်။

မြန်မာဘုရင်ဟာ ကျောက်မျက်ရတနာ‌တွေနဲ့ တန်ဆာဆင်ထားတဲ့ ရွှေပေလွှာတွေကို ပြိုင်ဘက် မင်းမျိုးမင်းနွယ်တွေဆီကို မကြာခဏ ပေးပို့လေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“မြန်မာဘုရင်တွေ တရုတ်ပြည်ကို ရွှေပေလွှာတွေ အများကြီး ပို့ထားပေမဲ့ အဲဒီထဲက တခုမှ မကျန်တော့ဘူး။ ကျမ သိသလောက်တော့ ဒါက တခုတည်းသော ရွှေပေလွှာပါပဲ။ မြန်မာနိုင်ငံက မယုံနိုင်လောက်အောင် ချမ်းသာတဲ့နိုင်ငံ ဖြစ်ပါတယ်။ ရွှေ၊ ပတ္တမြား၊ ကျောက်စိမ်းတွေ မြန်မာနိုင်ငံမှာ တူးဖော်ရရှိတယ်” လို့ ပြတိုက်မှူး ဂရင်းက ပြောပါတယ်။

၂၀၂၃ ခု နိုဝင်ဘာ ၂ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်အထိ ကျင်းပမယ့် အဆိုပါပြပွဲဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ဒီနေ့အချိန်ထိ မှတ်တမ်းတင်ထားပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးအကျဉ်းချကာ တိုင်းပြည် ကမောက်ကမဖြစ်ခဲ့ရတဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ဆန္ဒပြခဲ့တဲ့ အနုပညာရှင်တွေရဲ့ အနုပညာလက်ရာတွေ ပြတိုက်မှာ ပြသဖို့ရှိပေမဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် အနုပညာရှင်တွေရဲ့ နာမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ဒေါက်တာဂရင်းက “အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ အရာတွေထဲက တခုကတော့ ပန်းချီဆရာတွေက အဆောက်အဦရဲ့ ဘယ်ခြမ်းမှာ ခုခံတဲ့ပုံရိပ်တွေကို ပြသနေပြီး အဲဒီပုံတွေထဲက တချို့ကို ရနိုင်ခဲ့ကာ သူတို့ကိုလည်း ပုံဖော်နေပါတယ်။ အမည်မသိ အနုပညာရှင်တဦးနဲ့ ကျမတို့မှာ ချေးငွေသဘောတူညီချက်တခု ရှိပါတယ်။ အရမ်းသတိထားရပါတယ်။ ဒီပြပွဲမှာ ပါဝင်ခဲ့တဲ့အတွက်ကြောင့် လူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာထက် ပိုဆိုးတဲ့အရာတခုကို တွေးလို့မရဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းပြည်မတည်မငြိမ်ဖြစ်နေတဲ့အတွက်ကြောင့် ဗြိတိသျှပြတိုက်က မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ပြတိုက်‌တွေဆီကနေ တစုံတရာ ငှားရမ်းပြသနိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ပြပွဲက ပစ္စည်း အများစုဟာ ဗြိတိန်က ဖြစ်ပါတယ်။

ဒေါက်တာဂရင်းက “မြန်မာဟာ ဗြိတိသျှအတွက် အလွန်အရေးကြီးတဲ့ ကိုလိုနီဖြစ်တာကြောင့် ပစ္စည်းအများအပြားကို ဒီနေရာကို ပြန်ယူလာခဲ့ပါတယ်။ ကျမက အက်ဘာဒင်ကနေ အိုင်လာဝှိုက်၊ အိတ်ဇက်တာနဲ့ အစ်ပ်ဝစ်ချ်အထိ စုဆောင်းမှုတွေကို ကြည့်ရှုပြီး အံ့သြစရာကောင်းတဲ့ အပိုင်းတွေကို ရွေးထုတ်ခဲ့ပါတယ်” လို့ ‌ပြောပါတယ်။

ပရဟိတအလှူရှင် ဇီမန်းပေါလ်လို့စ်နဲ့ဂျက်ခ်ရိုင်ရန်တို့က ကမကထပြုခဲ့ပြီး ပြပွဲကို ဘားမားမှ မြန်မာ  “Burma to Myanmar”   လို့ အမည်ပေးကာ ဗြိတိန်ထံက မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပြုလုပ်မှာဖြစ်ပါတယ်။

Ref: EVENING STANDARD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013