DVB Logo
Home
နိုင်ငံတကာ
ဆူဒန်နိုင်ငံတွင်း ရာဇဝတ်မှုများကို အိုင်စီစီ စတင်စစ်ဆေး
DVB
·
July 19, 2023
ဆူဒန်နိုင်ငံတွင်း ရာဇဝတ်မှုများကို အိုင်စီစီ စတင်စစ်ဆေး
1 / 3
Donate to DVB

ဆူဒန်နိုင်ငံ ဒါဖာဒေသထဲမှာ သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှု၊ ကလေးတွေကို ထိခိုက်နစ်နာစေတဲ့ ရာဇဝတ်မှုတွေ၊ ဧပြီလလယ်ကတည်းက ပစ်ခတ်တိုက်ခိုက်မှုတွေ မြင့်တက်လာလို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) က စုံစမ်းစစ်ဆေးမှု စတင်ခဲ့တယ်လို့ ထိပ်တန်းအစိုးရရှေ့နေက ကုလသမဂ္ဂကို ပြောပါတယ်။

ဧပြီလလယ်မှာ ဖြစ်ပွားခဲ့တဲ့ အာဏာလွန်ဆွဲပွဲကစပြီး ဆူဒန်ရဲ့ ပုံမှန်စစ်တပ်နဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ မြို့တော် ခါတွမ်နဲ့ ဆူဒန်ရဲ့ တခြားနေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

အိမ်နီးနားချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်လာသူ ၇၀,၀၀၀ ကျော် အပါအဝင် လူ ၃ သန်းကျော် အမြစ်လှန် ဖယ်ရှားခံခဲ့ရတာပါ။

ကုန်းမြေဧရိယာအားဖြင့် အာဖရိကရဲ့ တတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဆူဒန်ရဲ့ ပဋိပက္ခဟာ ကျယ်ပြန့်တဲ့ဒေသကို မတည်မငြိမ်ဖြစ်စေနိုင်ပြီး အတိုင်းအတာအပြည့် ပြည်တွင်းစစ် ဖြစ်လုဆဲဆဲ အခြေအနေမှာ ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောခဲ့ပါတယ်။

“လက်ရှိ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဆိုတာကို ရုံးက အတည်ပြုနိုင်ပါတယ်” လို့ အစိုးရရှေ့နေ ခါရင်းမ် ခန်းရဲ့ ရုံးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆီ အစီရင်ခံစာတစောင် ပေးပို့ ပြောကြားခဲ့ပါတယ်။

အိုင်စီစီ အစိုးရရှေ့နေတွေက “တရားလက်လွတ်သတ်ဖြတ်မှု၊ နေအိမ်တွေနဲ့ စျေးတွေကို မီးရှို့၊ လုယက်တာ၊ အယ်လ်ဂျနီးယားနားနဲ့ ဒါဖာအနောက်ပိုင်း၊ ဒါဖာမြောက်ပိုင်းတို့က အရပ်သားတွေကို သတ်ဖြတ်တာနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်တာတွေ၊ ဒါဖာတခွင်က တခြားနေရာတွေကို အနီးကပ် ခြေရာခံနေတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် “အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှုတွေ အပါအဝင် လိင်နဲ့ ကျားမအခြေပြု ရာဇဝတ်မှု စွပ်စွဲချက်တွေ၊ ကလေးတွေအပေါ် အကြမ်းဖက်မှုနဲ့ ထိခိုက်နစ်နာစေတဲ့ စွပ်စွဲချက်တွေ အစီရင်ခံစာတွေကို စစ်ဆေးနေတယ်” လို့လည်း ကုလသမဂ္ဂအကြီးအကဲက ပြောပါတယ်။

အယ်လ်ဂျနီးယားနားမှာ အာရပ်ပြည်သူ့စစ်တွေနဲ့ RSF တို့က မြို့ထဲက အာရပ်မဟုတ်သူတွေ ထဲက အများစုဖြစ်တဲ့ မာဆာလိုက် လူမျိုးတွေအပေါ် တိုက်ခိုက်မှုတွေကို မျက်မြင်သက်သေတွေက အစီရင်ခံ တင်ပြခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူထောင်ပေါင်းများစွာဟာ အနားက ချဒ်နိုင်ငံဆီ ထွက်ပြေးခဲ့ကြပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013