DVB Logo
Home
မြန်မာသတင်း
တောင်ကိုးရီးယား သံရုံးရှေ့တွင် အလုပ်သမားများ ဆန္ဒပြ
DVB
·
July 17, 2014
တောင်ကိုးရီးယား သံရုံးရှေ့တွင် အလုပ်သမားများ ဆန္ဒပြ
1 / 7
Donate to DVB

လှိုင်သာယာမြို့နယ် တောင်ကိုးရီးယား အလုပ်ရှင်ပိုင် Master Sports ဖိနပ်စက်ရုံ ရုတ်တရက် ပိတ်သိမ်းလိုက်တဲ့အတွက်  နစ်နာကြေးပေးဖို့ အလုပ်သမားတွေက ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဇွန်လမှာ Master Sports ဖိနပ်စက်ရုံဟာ ပိတ်သိမ်းတော့မယ့် သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အလုပ်သမားတွေ ရက်ပိုင်းပဲ အလုပ်လုပ်ခဲ့ရတာပါ။

လကုန်ပိုင်းမှာတော့ စက်ရုံကို ပိတ်ပစ်လိုက်ပြီး ဇူလိုင် ၁၀ ရက်နေ့မှာ အလုပ်သမားအလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာနက တောင်ကိုရီးယား သံရုံးကို သတိထောက်လွှာ ပေးအပ်ခဲ့ရာမှာ သံရုံးက ကြားဝင်ဆောင်ရွက်ပေးမှုနဲ့  အလုပ်သမားတွေကို ဇွန်လ ၁ လစာ လုပ်အားခပေးဖို့ အလုပ်ရှင်ဘက်က သဘောတူညီခဲ့တာပါ။

အလုပ်သမား ၈၀၀ လောက်ထဲက ၅၆ ဦးက သဘောတူညီပြီး လစာရယူခဲ့ကြကြောင်းနဲ့ ကျန်တဲ့ အလုပ်သမားတွေကတော့ တလစာ လုပ်ခအပြင် အလုပ်ထုတ်နစ်နာကြေးပေးပါ ပေးဖို့ ဆန္ဒပြကြတာလို့ အလုပ်သမားခေါင်းဆောင် ကိုထွန်းနိုင်က  ပြောပါတယ်။

“ကျနော်တို့ကတော့ ဇွန်လ လစာလည်း လိုချင်ပါတယ်။ ပြီးတော့ အလုပ်ပိတ်ရင် အလုပ်ပိတ် နစ်နာကြေးကိုလည်း ဥပဒေနဲ့ အညီ ဥပဒေက သတ်မှတ်ထားတဲ့ နှုန်းထားအရပဲ ကျနော်တို့က လိုချင်ပါတယ်။ အဲဒီလို လိုချင်လို့ ကျနော်တို့ ခံစားနေရတဲ့ အခက်အခဲတွေကို သိစေချင်လို့ လှည့်လည်ပြီးတော့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ကိုရီးယားလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံက ချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်သွားသလို အလုပ်သမားတွေက ချိုးဖောက်ခံရတဲ့ အခွင့်အရေးတွေကို သိစေချင်တဲ့အတွက် သံရုံးရှေ့အထိ လာရောက် ချီတက် ဆန္ဒပြတာလို့ သူက ပြောပါတယ်။

“သူတို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအနေနဲ့ မြန်မာနိုင်ငံကို ကုမ္ပဏီတခု လာ ထူထောင်ပြီဆိုရင် မြန်မာနိုင်ငံမှာ ဘယ်လို စည်းမျဉ်းတွေ ရှိတယ်ဆိုတာ လက်မှတ်ထိုးရတယ်။ ဒါကို လိုက်နာနိုင်လား လိုက်နာနိုင်တယ်ဆိုမှဖွင့်ဆိုပြီး လက်မှတ်ထိုးရတယ်။ အခု သူတို့ လုပ်သွားတဲ့ ပုံစံက အခြေခံ နစ်နာမှု ခွင့်ပြုချက်တွေလည်း မပါဘူး။ စက်ရုံကိုလည်း တရားဝင်ပြောပြီးတော့မှ ပိတ်တာမဟုတ်ဘူး။ ပိတ်ပြီးတော့မှ ပိတ်ပြီဆိုတာ ပြောလိုက်တာ။ ကိုရီးယားက သူဌေးပြန်ပြီးသွားပြီ သူက လုပ်ခလစာတွေလည်း မရှင်းသွားဘူး။ စက်ရုံပိတ်ရင် စက်ရုံပိတ် နစ်နာကြေး ပေးရမယ်ဆိုတာ သိလျှက်နဲ့ တာဝန်မယူပဲနဲ့ ပြန်ပြေးသွားတယ်ဆိုတာ ဒါ ဥပဒေကို ချိုးဖောက်တာ ထင်ရှားနေပါတယ်။”

လှိုင်သာယာမြို့နယ်၊ Master Sports ဖိနပ်စက်ရုံရှေ့ကနေ ဗဟန်းမြို့နယ် သံလွင်လမ်းက ကိုရီးယားသံရုံးရှေ့ အထိ ၅ မြို့နယ်ကို ဖြတ်သန်း စီတန်းလမ်းလျောက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ခွင့်ပြုချက်ရယူခဲ့တဲ့ ဒီဆန္ဒပြပွဲမှာ အလုပ်သမား ၇၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီစက်ရုံရဲ့ လုပ်သား ရှစ်ရာခန့်မှာ အမျိုးသား လုပ်သား ၄၀ လောက်ပဲပါဝင်ပါတယ်။

ဒီကိစ္စအတွက် ရန်ကုန် အခြေစိုက် ကိုးရီးယား သံရုံးကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစုံတရာ တုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။

[gallery ids="60489,60490,60491,60492,60493,60494,60495"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013