DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအပစ်ရပ်မူကြမ်းများနှင့်ပတ်သက်ပြီး ကေအန်ယူ ဆွေးနွေး
DVB
·
July 17, 2014
တနိုင်ငံလုံးအပစ်ရပ်မူကြမ်းများနှင့်ပတ်သက်ပြီး ကေအန်ယူ ဆွေးနွေး
Donate to DVB

တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးမူကြမ်းတွေနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းရုံး (ကေအန်ယူ) က အရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူဆွေးနွေးကြပါတယ်။

KNU Flagဇူလိုင်လ ၁၄ ကနေ ၁၆ ရက်နေ့အထိ ပြုလုပ်တဲ့ ကေအန်ယူ ဗဟိုကော်မတီအရေးအပေါ် အစည်းအဝေးမှာ လက်ရှိ လုပ်ဆောင်နေတဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး မူကြမ်းတွေနဲ့ပတ် သက်ပြီး ပြန်လည်ဆွေးနွေးသုံးသပ်ကြတာလို့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ် ထူးဝင်းက ပြောပါတယ်။

“ကျနော်တို့ အခု အန်စီစီတီပြီးကနေပြီး ခေါ်မယ့် အန်စီစီတီ အဖွဲ့ဝင် ထိပ်သီး ခေါင်းဆောင်တွေနဲ့ အစည်းအဝေးပွဲမှာ ဆွေးနွေးမယ့် တပြည်လုံးအပစ်အခတ်ရပ် စာတမ်း မူကြမ်းအပေါ်မှာ အန်စီစီတီ က တင်ပြချက်ကို သုံးသပ်ပြီးတော့ လက်ခံရမယ့်အပိုင်း၊ မလက်ခံရမယ့်အပိုင်း၊ ဆက်လက်ရပ်တည်မယ့်အပိုင်း ဒါတွေကို ဆွေးနွေးတာပါ။ အန်စီစီတီကတော့ သူရဲ့ သုံးသပ်မှု၊ သူ့ရဲ့ အကြံပြုချက် အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ လက်ခံနိုင်တဲ့အပိုင်း ရှိသလို လက်မခံနိုင်တဲ့အပိုင်း၊ ပြန်လည် ပြင်ဆင်သင့်တဲ့အပိုင်း၊ ဒီလို အကြံဉာဏ်ပေးတာတို့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ လက်ခံတာက ပိုများပါတယ်။ ဒုတိယ မူကြမ်းမှာပါတဲ့ ရပ်တည်မှုအတိုင်း ဆက်လက် ရပ်တည်တာ ပိုပြီး သင့်တော်တယ်လို့ မြင်တယ်။ ဒါပေမယ့် ဒါက ကျနော်တို့အဖွဲ့အစည်းတခုတည်းရဲ့ ရပ်တည်မှုပေါ့နော်။ တခြား အဖွဲ့အစည်းတွေရဲ့ ရပ်တည်မှုကိုလည်း ကျနော်တို့ ပြန်ညှိနှိုင်းသွားမှာပါ။”

ဒီဆွေးနွေးပွဲဟာ ဒီလ ၂၄ ကနေ ၂၆ ရက်နေ့အထိ ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာ ကျင်းပမယ့် တိုင်ရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ထိပ်သီးညီလာခံမတိုင်မီ ကျင်းပတာဖြစ်ပြီး ကေအန်ယူက တက်ရောက်မယ့် ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ခဲ့ပါတယ်။

ကိုယ်စားလှယ်တွေအဖြစ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်၊ ပဒို စောတာဒိုမူးနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုင်ဇက်တို့ကို ရွေးချယ်ခဲ့ပါတယ်။

မနှစ်နှစ်ကုန်ပိုင်းက လိုင်ဇာဌာနချုပ်မှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့တွေရဲ့ ပထမအကြိမ်ညီလာခံမှာ အစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဘုံသဘောတူညီချက်ရခဲ့ပါတယ်။

ဒီနောက် အစိုးရကိုယ်စားလှယ်တွေနဲ့ မြစ်ကြီးနားဆွေးနွေးပွဲမှာ တပြည်လုံးအပစ်ရပ်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်နိုင်ဖို့ သဘောတူညီချက်ရခဲ့ပါတယ်။

ဆက်လက်ပြီး ကေအန်ယူစိုးမိုးနယ်မြေ လောခီးလာမှာ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ဒုတိယအကြိမ်ညီလာခံ ကျင်းပခဲ့ပါတယ်။ ဒီနောက် အဖွဲ့ဝင် ၁၈ ဦးပါ တပြည်လုံးအပစ်ရပ် သဘောတူညီချက်စာချုပ် ရေးဆွဲရေး ပူးတွဲကော် မတီဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး မူကြမ်းအဆင့်ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013