DVB Logo
Home
နိုင်ငံရေး
တက္ကသိုလ်ကျောင်းသားသမဂ္ဂများက အာဇာနည်နေ့တွင် တနိုင်ငံလုံး ဥသြဆွဲဂုဏ်ပြုမည်
DVB
·
July 17, 2014
တက္ကသိုလ်ကျောင်းသားသမဂ္ဂများက အာဇာနည်နေ့တွင် တနိုင်ငံလုံး ဥသြဆွဲဂုဏ်ပြုမည်
Donate to DVB

[caption id="attachment_60474" align="alignright" width="300"]ဇူလိုင် ၁၅ ရက်နေ့က အာဇာနည်နေ့တွင် တနိုင်ငံလုံး ဥသြဆွဲပေးရန် တကသ မှ သမ္မတထံ တောင်းဆိုသည့် စာ ဇူလိုင် ၁၅ ရက်နေ့က အာဇာနည်နေ့တွင် တနိုင်ငံလုံး ဥသြဆွဲပေးရန် တကသ မှ သမ္မတထံ တောင်းဆိုသည့် စာ[/caption]

တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) များက ဇူလိုင် ၁၉ ရက် ကျရောက်မယ့် အာဇာနည်နေ့မှာ ရန်ကုန်မြို့အပါအ၀င် တနိုင်ငံလုံးက နေရာ ၅၀ ကျော်မှာ ဥသြဆွဲဂုဏ်ပြုမယ်လို့ တကသ အဖွဲ့ဝင် ကိုဇေယျာလွင်က ပြောကြားပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်း မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ပြုလုပ်တဲ့ တကသ အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

ဇူလိုင် ၁၉ ရက်နေ့၊ အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲဂုဏ်ပြုမှာဖြစ်ပြီး ပြည်သူလူထု ပူပေါင်းပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။ ဥသြဆွဲဂုဏ်ပြုမယ့်နေရာတွေကတော့ ရန်ကုန်မြို့က ရပ်ကွက်တွေနဲ့ မုံရွာ၊ မိတ္ထီလာ၊ ထားဝယ်၊ လားရိုး၊ ကလေး၊ မြိတ်၊ ဧရာဝတီတိုင်းထဲကမြို့ကြီးတွေ၊ အထက်မြန်မာပြည်က မြို့ကြီးတွေဖြစ်တယ်လို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) များက ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ အာဇာနည်နေ့မှာ ကားတွေ ဟွန်းတီးဂုဏ်ပြုတာ မလုပ်ရဘူးလို့ သက်ဆိုင်ရာက ကြေညာထားပေမယ့် ဧရာဝတီတိုင်းဒေသကြီးမှာတော့ တတိုင်းလုံးမှာ ဥသြစွဲဂုဏ်ပြုသွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013