DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ မဲပေးရအဆင်ပြေရန် လုပ်ပေးမယ်ဟု ကော်မရှင် ကတိပေး
DVB
·
July 17, 2014
မသန်စွမ်းသူများ မဲပေးရအဆင်ပြေရန် လုပ်ပေးမယ်ဟု  ကော်မရှင် ကတိပေး
1 / 2
Donate to DVB

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေ မဲပေးရ အဆင်ပြေအောင် အစွမ်းကုန် လုပ်ပေးမယ်လို့ ကတိပေးလိုက်တဲ့အကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ဦးအောင်ကိုမြင့်က ပြောပါတယ်။

[caption id="attachment_60468" align="alignright" width="300"]၂၀၁၄ ခုနှစ် ဇွန်လတွင် မသန်စွမ်းညီလာခံ ကျင်းပစဉ် ၂၀၁၄ ခုနှစ် ဇွန်လတွင် မသန်စွမ်းညီလာခံ ကျင်းပစဉ်[/caption]

ဇူလိုင် ၁၆ ရက် ညနေပိုင်းက နေပြည်တော် စိုင်းပဲလေ့စ်ဟိုတယ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ လွှတ်တော်အမတ်တွေနဲ့ မသန်စွမ်းရှေဆောင်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတုန်းက ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အခုလို ကတိပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မသန်စွမ်းသူတွေ မဲပေးရလွယ်ကူအဆင်ပြေအောင် လုပ်ပေးဖို့ သူတို့ ဆွေးနွေးခဲ့ကြပုံကို ဦးအောင်ကိုမြင့်က အခုလို ပြောပါတယ်။

“အဓိက က မဲပေးတဲ့ မဲရုံတွေဟာ လိုက်လျော ညီထွေမှု ဖြစ်ရမယ် ဆိုတာရယ်။ မဲပေးတဲ့ နည်းလမ်း မဲပေးတဲ့ စနစ်တွေမှာလည်း မသန်စွမ်းသူတွေအတွက် မသန်စွမ်းမှုအမျိုးအစား အလိုက် ဥပမာ - မျက်စိမမြင်တဲ့သူတွေဆိုရင် မျက်မမြင်စာနဲ့ သင်္ကေတကို လက်နဲ့စမ်းပြီး ပေးလို့ ရတဲ့ ပုံစံမျိုး၊ ဒါမှမဟုတ် သူယုံကြည်စိတ်ချရတဲ့ ကူပေးမယ့်သူ ခေါ်လာခွင့် ရှိဖို့တို့၊ နောက်ပြီးတော့ နားမကြားတဲ့သူတွေအတွက်ကို သင်္ကေတ ပုံလေးတွေ ကပ်ပေးဖို့တို့၊ စတဲ့ အဲဒီလို ပုံစံမျိုးလေး လုပ်ပေးဖို့တို့ မဲရုံတွေမှာ မဲပုံးတွေ မြင့်နေတာမျိုးတွေ မဲရုံတွေဟာ အပေါ်ထပ်တွေမှာ ဖြစ်နေခဲ့ရင် မသန်စွမ်းသူတွေအတွက် ၀င်ရ ထွက်ရခက်တယ်ဆိုတာမျိုးတွေ (အထူးသဖြင့် ဘီးတပ်ကုလားထိုင်သုံးတဲ့သူတွေ)များအတွက် ခက်တယ်ဆိုတာမျိုးတွေ ကျနော်တို့ ပြောခဲ့တယ်။

“နောက်တခုက တဖက်ကလည်း ၂၀၁၅ မှာ မသန်စွမ်းတဲ့သူတွေ အဆင်ပြေအောင် လုပ်ပေးတဲ့ မဲရုံတွေ ဥပမာ - မသန်စွမ်းတဲ့သူတွေ တော်တော်များများ ရှိနေတဲ့ မြို့နယ်တွေ တိုင်းဒေသကြီး၊ ရပ်ကွက်တွေမှာ လုပ်တဲ့အခါကျရင် ပိုပြီး ကုန်ကျစရိတ်တွေ ပေါ်လာရင် ရွေးကောက်ပွဲ ကော်မရှင်က အသုံးစရိတ်တွေ ပြဌာန်းတောင်းဆိုလာရင် သူတို့ အသုံးစရိတ်တွေကို တိုးမြှင့်ပေးဖို့ ဆိုပြီး ဒါကို အားလုံးရှေ့မှာ ချပြဆွေးနွေးတာပါခင်ဗျ။”

ရွေးကောက်ပွဲကော်မရှင်နဲ့ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း ၃ ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မသန်စွမ်းသူတွေ အဆင်ပြေပြေ မဲပေးနိုင်ဖို့ ဗဟိုကနေ ရပ်ကွက်နဲ့ ကျေးရွာအထိ ကော်မရှင်အဆင့်ဆင့်ကို ပညာပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

၂၀၀၈ ခုနှစ်က ကောက်ယူထားတဲ့ နမူနာစစ်တမ်းအရ လူမှုဝန်ထမ်းဦးစီးဌာနက မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေ ၁၃ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013