DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းစောင့်ကြည့် ရဲတပ်ဖွဲ့ မဖွဲ့ထားဟု ရဲမှူးချုပ်ပြော
DVB
·
July 17, 2014
အွန်လိုင်းစောင့်ကြည့် ရဲတပ်ဖွဲ့ မဖွဲ့ထားဟု ရဲမှူးချုပ်ပြော
Donate to DVB

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ အွန်လိုင်းစောင့်ကြည့်ရေးအတွက် သီးသန့်ရည်ရွယ်ပြီး တပ်ဖွဲ့ ဖွဲ့စည်းတာဝန်ပေးတာ မရှိပါဘူးလို့ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

[caption id="attachment_60464" align="alignright" width="300"]ရဲမှူးချုပ် ၀င်းခေါင် ရဲမှူးချုပ် ၀င်းခေါင်[/caption]အင်တာနက်အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ အွန်လိုင်းနေ့စဉ်သတင်း တင်ပြချက်နဲ့ ပတ်သက်ပြီး ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ပြောလိုက်တာပါ။

“အွန်လိုင်းကို စောင့်ကြည့်တဲ့စနစ်ဆိုတာ အများကြီး ကျယ်ပြန့်တယ်။ ကျနော်တို့ဆီက အွန်လိုင်းကို စောင့်ကြည့်တာ မရှိဘူး။ စောင့်ကြည့်တဲ့စနစ်လည်း မထားနိုင်သေးဘူး။ အဓိက ကျနော်တို့ အခု အကုန်လုံးကို ပြောနေတယ်ဆိုတာ သူစောင့်ကြပ်ကြည့်နိုင်ရင် အွန်လိုင်းဆိုတာက ၀က်ဆိုဒ်တို့၊ ဘာတို့ အကုန်လုံးပါမှာလေ။ သူစောင့်ကြပ်ကြည့်ရင် ဒီက နေ့စဉ်နဲ့အမျှ၊ အချိန်နဲ့အမျှ ထုတ်နေတဲ့ စာနယ်ဇင်းတွေကိုပဲ သူ ကြည့်လို့ရမှာပေါ့။ အွန်လိုင်းစောင့်ကြည့်ရေး တပ်ဖွဲ့ဆိုတာ ကျနော်တို့ဆီမှာ မရှိဘူး။”
မန္တလေးမှာ တလောက ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်တွေဟာ အွန်လိုင်းပေါ်က သွေးထိုး လှုံ့ဆော်မှုတွေကြောင့် ဖြစ်တာလို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြောဆိုထားပါတယ်။

မန္တလေးဖြစ်စဉ် ဖြစ်ပွားခါစ နေ့ရက်တွေမှာ အစိုးရနဲ့ ဖေ့စ်ဘွတ်တို့ပေါင်းပြီး ဖေ့စ်ဘွတ်ပေါ်မှာ အမုန်းတရားပွားစေမယ့် စကားတွေ ရေးသားတင်ဆက်နေကြတဲ့ အကောင့်တချို့ကို ပိတ်ပစ်တာမျိုးတွေလည်းစ ပြုလုပ်ခဲ့ပါတယ်။ ဖေ့စ်ဘွတ်တာဝန်ရှိသူတွေက မြန်မာပြည်မှာ ဆိုင်ဘာဥပဒေပေါ်ပေါက်ဖို့ လိုအပ်ကြောင်း ထောက်ပြခဲ့တာလည်း ရှိပါတယ်။

ဘလော့ဂါကိုနေဘုန်းလတ်ကတော့ အွန်လိုင်းနည်းပညာကျွမ်းကျင်တဲ့ ရဲတပ်ဖွဲ့တဖွဲ ရှိသင့်တယ်လို့ ပြောပါတယ်။
“နောက်ပိုင်း ပေါ်လာမှာ။ အခုလို လှုံ့ဆော်တာတင်မကဘူး၊ နည်းပညာကို သုံးပြီး ပြစ်မှုကျူးလွန်တာတွေလည်း ဖြစ်လာနိုင်တယ်။ အဲလို ကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးဖို့ နည်းပညာကျွမ်းကျင်တဲ့ ဌာနတခုတော့ ရဲတပ်ဖွဲ့မှာ ရှိသင့်တာပေါ့။”
အရင်စစ်အစိုးရလက်ထက်တုန်းက ဘလော့ဂါ ကိုနေဘုန်းလတ်အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူ အတော်များများကို အီလက်ထရောနစ်ဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် အရေးယူခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013