DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယ ရေဘေးဒုက္ခသည်များ အမိုးအကာမဲ့လေဟာပြင်တွင် နေထိုင်နေရ
DVB
·
July 18, 2023
အိန္ဒိယ ရေဘေးဒုက္ခသည်များ အမိုးအကာမဲ့လေဟာပြင်တွင် နေထိုင်နေရ
Donate to DVB

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ ရေကြီးလို့ အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေဟာ ဇူလိုင် ၁၇ ရက်မှာ ယာယီလမ်းဘေးစခန်းတွေမှာ နေကြရပါတယ်။

အသက်မွေးဝမ်းကျောင်းအတွက် လယ်ယာလုပ်ငန်းကို မှီခိုပြီး ကောက်ပဲသီးနှံတွေ ဆုံးရှုံးခဲ့တဲ့ ရေဘေးဒုက္ခသည်တွေဟာ ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုကြောင့် သူတို့ရဲ့အိမ်တွေ ရေမြုပ်နေလို့ အမိုးအကာမရှိ လေဟာပြင်မှာ နေကြရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မြို့တော်မှာ ပုံမှန်မဟုတ်ဘဲ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီးနောက် ယမုံနာမြစ်ဟာ ၄၅ နှစ်အတွင်း အမြင့်ဆုံးထိ မြင့်တက်ခဲ့ပါတယ်။ တောင်တန်းဒေသတွေကနေ မြောက်ဘက်ဆီ စီးဆင်းလာတဲ့ မြစ်ရေတွေ လျှံကျခဲ့တာပါ။

ရေကြီးရေလျှံမှုကနေ လွတ်မြောက်ဖို့ လူထောင်ပေါင်းများစွာကို ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ နယူးဒေလီအစိုးရက ပြောပါတယ်။

အာသံပြည်နယ် အရှေ့မြောက်ပိုင်းမှာ တနင်္လာနေ့က မိုးကြီးအပြီး လယ်မြေတွေနဲ့  ကျေးရွာတွေ ရေနစ်မြုပ်ပြီးတဲ့နောက် ဗြဟ္မပုတ္တရမြစ်ရဲ့ ကမ်းပါးတွေ ကျိုးပေါက်ခဲ့ပါတယ်။

ရေကြီးလို့ ထောင်နဲ့ချီတဲ့ ရွာသူရွာသားတွေ သူတို့နေအိမ်တွေကို စွန့်ခွာပြီး ကုန်းမြင့်တွေဆီ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။

ဗြဟ္မပုတ္တရမြစ်ကမ်းပါးတွေ တိုက်စားခံခဲ့ရလို့ မုတ်သုံရာသီအတွင်း ပိုလျှံတဲ့ရေတွေကို ထိန်းထားဖို့ ခက်ခဲခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013