DVB Logo
Home
Lead Story
ပို့ဆောင်ရေးဝန်ကြီးဌာန အေတီအာလေယာဉ် ၆ စင်း ၀ယ်မည်
DVB
·
July 17, 2014
ပို့ဆောင်ရေးဝန်ကြီးဌာန အေတီအာလေယာဉ် ၆ စင်း ၀ယ်မည်
Donate to DVB

ATR 70 600ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့လေကြောင်းဌာနဟာ ပြင်သစ် အေတီအာကုမ္ပဏီက ထုတ်လုပ်တဲ့ အေတီအာ ၇၂ - ၆၀၀ လေယာဉ် ၆ စင်းဝယ်ယူဖို့နဲ့ အေတီအာလေယာဉ် အကြီးစားပြင်ဆင်ရေး စက်ရုံ တည်ဆောက်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့တယ်လို့ မြန်မာ့သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

ဇူလိုင် ၁၆ ရက်နေ့က နေပြည်တော် ပို့ဆောင်ရေးဝန်ကြီးရုံးမှာ လက်မှတ်ထိုးခဲ့တာဖြစ်ပြီး မြန်မာဘက်က ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးနဲ့ အေတီအာကုမ္ပဏီဘက်က ဒါရိုက်တာ ဖရန်ကွက်စ် လီနယ်ဗွယ် (Mr. Fracios Leneveu) တို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာနဟာ ဒီလေယာဉ်တွေ ၀ယ်ယူဖို့အတွက် ပြင်သစ်အစိုးရရဲ့ ထောက်ခံချက်နဲ့ ပြင်သစ်နဲ့ အီတလီနိုင်ငံ Exam Bank တွေကနေ ချေးငွေထောက်ပံ့မှုနဲ့ ၀ယ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စာချုပ်အရ ၂၀၁၅ မှာ အေတီအာလေယာဉ် ၁ စင်း၊ ၂၀၁၆ မှာ ၃ စင်းနဲ့ ၂၀၁၇ မှာ ၂ စင်း လက်ခံရရှိမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013