DVB Logo
Home
အာဇာနည်နေ့
၆၇ နှစ်မြောက် အာဇာနည်နေ့
DVB
·
July 18, 2014
၆၇ နှစ်မြောက် အာဇာနည်နေ့
1 / 11
Donate to DVB

ဇူလိုင် ၁၉ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ သမိုင်း​မှာ နစ်နာဆုံး​ရှုံးမှု အကြီး​မား​ဆုံး​နဲ့ ရင်နင့်​ကြေကွဲစရာ နှမြောတသစရာ အ​ကောင်း​ဆုံး​နေ့ ဖြစ်ပါတယ်။

လွန်ခဲ့​တဲ့​ ၆၇ နှစ် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသား​ခေါင်း​ဆောင်ကြီး​ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့တကွ အာဇာနည် ၈ ဦး​ဟာ လက်နက်ကိုင်အကြမ်း​ဖက်သမား​တွေရဲ့ လုပ်ကြံမှု​ကြောင့်​ အသက်ဆုံး​ရှုံး​ခဲ့​ရပါတယ်။

ဒီလို တိုင်း​ပြည်အတွက် အသက်စွန့်လွှတ်သွား​ခဲ့​ရတဲ့​  ပုဂ္ဂိုလ်ကြီး​များ​ကို ဂုဏ်ပြုတဲ့​အ​နေနဲ့​ ဇူလိုင် ၁၉ ရက်​နေ့ကို အာဇာနည်​နေ့လို အစဉ်အဆက် သတ်မှတ်ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ၁၉၈၈ ခုနှစ်မှာ န၀တစစ်အစိုး​ရက အာဏာသိမ်း​ယူလိုက်တဲ့​ အချိန်ကစပြီး​ အလွန်အ​ရေး​ပါတဲ့​ အမျိုးသား​ရေး​ဆိုင်ရာနေ့တ​နေ့အဖြစ် မကျင်း​ပ​တော့​သလို အာဇာနည် ​ခေါင်း​ဆောင်ကြီး​များ​ရဲ့ အ​ကြောင်း​ကိုလည်း​ အများ​ပြည်သူသိ​အောင် ​ဟော​ပြော​ရေး​သား​ အသံလွှင့်​တာမျိုးတွေ ဆုတ်ယုတ် လျော့​ပါး​လာခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းမှာမှ အာဇာနည်ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ရေသားဖော်ပြခွင့်တွေ ရလာခဲ့တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013