Home
မြန်မာသတင်း
ရပ်စောက်မြို့နယ်တွင် ဗုံးပေါက်ပြီး စရဖ ၁ ဦးသေ၊ ရဲ ၃ ဦးဒဏ်ရာရ
DVB
·
July 17, 2023
361590922_10159552365527913_7954920399300761452_n

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ ဇူလိုင် ၁၆ ရက် နေ့လယ် ၂ နာရီခွဲက ဗုံးပေါက်ကွဲခဲ့ရာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ စရဖတယောက် သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ၂ နာရီခွဲက ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု ၁၁ မိုင်အနီးကားလမ်းမပေါ်မှာ ယာဥ်စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့အနီး ဗုံးပေါက်ခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဗုံးသုံးကြိမ်ပေါက်တာ၊ မူးယစ်ဆေးဝါးဖမ်းဖို့ ကားတွေရှာနေတဲ့အချိန် လမ်းဘေးကပေါက်တာ၊ မူးယစ်က ရဲသုံးဦးရယ် စစ်သားတယောက်ရယ် ဒဏ်ရာရတယ်၊ စစ်သားက ဆေးရုံမှာ ဆုံးသွားတယ်။”

မူးယစ်ဆေးဝါးဖမ်းဆီးရေးအဖွဲ့တွေ တာဝန်ထမ်းဆောင်နေစဥ် ဗုံးသုံးကြိမ်ပေါက်ပြီး စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်က တယောက်သေဆုံးကာ မူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့က ရဲသုံးဦး ဒဏ်ရာရရှိခဲ့ပြီး အမှတ် ၄ စစ်ဆေးရုံ ကုတင် ၁၀၀ ကို ပို့ဆောင်ထားရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တပ်ကြပ်တဦး သေတယ်၊ ရဲက သုံးဦး ဒဏ်ရာရတယ်၊ ယာဥ်စစ်နေတဲ့ လက်လုပ်မိုင်း ထပေါက်တာ၊ တခြားအဖွဲ့အစည်းတွေတော့ မထိဘူး။”

လတ်တလောမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024