
တရုတ်နိုင်ငံက ရုရှားစစ်သားတွေကို လေ့ကျင့်ပေးနေတယ်ဆိုတဲ့ ဥရောပသမဂ္ဂ (EU) အကြီးတန်းသံတမန်တယောက်ရဲ့ စွပ်စွဲချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဇွန် ၁၆ ရက်မှာ ပယ်ချခဲ့ပြီး အခြေအမြစ်မရှိဘူးလို့ ပြောခဲ့ပါတယ်။
EU ရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာဂျာ ကားလက်စ်က တရုတ်စစ်တပ်ဟာ ယူကရိန်းမှာ တိုက်ခိုက်မဲ့ ရုရှားတပ်တွေကို လေ့ကျင့်ပေးနေတယ် ဆိုတဲ့ သတင်းတွေကို EU က အတည်ပြုခဲ့တယ်လို့ ပြောပါတယ်။
စွပ်စွဲချက်တွေက အခြေအမြစ်မရှိဘဲ အသရေဖျက်မှုတွေသာ ဖြစ်တယ်လို့ လင်က ပေကျင်းမြို့တော်မှာ နေ့စဉ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Source: Reuters










